arc.4 ( 4.15 )

631 79 24
                                    

Uni

" မင်းပြောတာ ယွီရန်ထင်းက နိုင်ငံခြားမှာ ကျောင်းတက်နေတာ မဟုတ်ပဲ ကားတိုက်မှုကြောင့် ကိုမာဝင်သွားလို့ ကနေဒါမှာ ဆေးကုနေတာပေါ့ "

" ဟုတ်ကဲ့ ကျွန်တော်စုံစမ်းထားတာ အကုန်ပါပဲ "

" ဟက် ဟား ဟား ဒါကိုသာ နောက်အပတ် အစည်းဝေးမှာ ရှယ်ယာရှင်တွေသိသွားရင် ကုမ္မဏီက ငါလက်ထဲအလိုလို ရောက်လာမှာပဲ "

" ဒါပေါ့ အကိုရယ် ဟက် မကြာခင် ကုမ္မဏီက ကျွန်မတို့ မိသားစုလက်ထဲ ရောက်လာတော့မယ် ဟား"

" ဟား ဟား ဟား ဟား ဟား "

" boss အပြင်မှ boss နဲ့တွေ့ချင်လို့တဲ့ လူတစ်ယောက်ရောက်နေတယ် "

အခန်းထဲက ထွက်သွားပြီး မကြာမီ လူတစ်ယောက် အခန်းထဲကို ပြန်ဝင်လာပြီး ။ ခုံအောက်က ကင်မရာကို ယူသွာတာကို ဘယ်သူမှ သတိမထားလိုက်မိဘူး ။

____________________________________________________________________________

" တီ....တီ.....တီ....တီ "

" ဟယ်လို သားကြီး ပါးကိုဘာပြာမလို့လဲ "

" ပါး ကျွန်တော် နောက်သုံးရက်နေရင် ပြန်လာမလို့ ညီညီကိုပြောလိုက်အုံး "

" အင်း အင်း သားငယ် ပြန်လာရင် ပါးပြောလိုက်မယ် "

" ဟုတ်ကဲ့ ဒါပဲပါး "

____________________________________________________________________________

YUE ဆေးရုံ

ခွဲစိတ်ခန်းရှေ့တွင်

" ထုန်ထုန်လေး ဘာမှမကြောက်နဲ့နော် ကောကောတို့ရော ကျဲတို့ရော ရှိတယ်နော် ပြီးတော့ ထုထုလေးကလည်း စောင့်နေမှာ "

" ဟုတ်တယ် ကျဲတို့ရှိတယ်နော် ထုန်ထုန်က သတ္တိရှိပါတယ် "

ဒီနေ့ ထုန်ထုန်ခွဲစိတ်ရမဲ့နေမလို့ အကုန်လူဆုံနေတာ ။ အရင်တစ်ခါ ကိစ္စဖြစ်ပြီးကတည်းက ထုန်ထုန်ကိုအရင်ဆေးရုံကနေ ချင်းဟယ်တို့ဆီကို ပြောင်းထားတာ ။

ခွဲစိတ်ဖို့ကိစ္စကိုလည်း ယွင်ဖေးက စီစဉ်ပေးထားတယ်။ သူကိုယ်တိုင်လည်း ခွဲစိတ်တာမှာ ဝင်ကြည့်ပေးမယ်လို့ပြောတယ် ။

" ထုန်ထုန် မကြောက်ဘူး ထုန်ထုန်ကသတ္တိရှိတယ် "

" ထုန်ထုန်က လိမ္မာလိုက်တာ ယွင်ဖေးကော "

find the true love. system (အချစ်စစ် ရှာဖွေခြင်း system) ( On Going ) Where stories live. Discover now