[Unicode]
ချင်းချင်းလည်း ဒေါသထွက်ထွက်နဲ့ နန်းတော် အပြင်ဖက်ကိုထွက်လာခဲ့တယ်။
" စောက်အတွဲတွေ ကြည့်နေ ချင်းချင်းရည်းစားရမှ အချိန်ပြည့် ကောတို့ရှေ့ ထိုင်ပြီးကို ကြည်နှုးပြအုံးမယ် ဟွန့် "
ချင်းချင်းလည်း ဒေါသထွက်နေတာဆိုတော့ စိတ်ဖြေ ဖို့အတွက် မုန်စားဖို့ ဆုံးဖြတ်လိုက်တယ် ။ စျေးတန်းနားမှာ ဟိုမုန့်ဝယ်စားလိုက် ဒီမုန့်ဝယ်စားလိုက် တစ်ဖြေးဖြေးနဲ့ လူပြတ်တဲ့ နေရာနား ရောက်လာတော့ ကလေးတစ်ယောက်ကို လူတစ်စုက ဝိုင်းရိုက်နေတာတွေ့လို့ ဝင်ကူညီလိုက်တယ်။
ဒါပေမဲ့ ဟိုဘက်ကလူများတဲ့ အပြင်ချင်းချင်းကလည်း မိန်းကလေးဖြစ်နေတော့ အဲ့လူတွေကို မချနိုင်ပဲဖြစ်နေတယ် ။ အဲ့အချိန်မှာ လူတစ်ယောက်က ဝင်ပြီး သူတို့ကိုကူညီပေးတယ်။ ခဏလောက်ကြရော ချင်းချင်းနဲ့ အဲ့လူကလွဲပြီး ကျန်တဲ့လူ အကုန်လဲကုန်တယ်။ ပြီးမှ ချင်းချင်းက
" ဘာလို့ ကလေးကို ဝိုင်းရိုက်နေကြတာလဲ ”
" သူက ငါတို့သူဌေးဆီက ပိုက်ဆံချေးပြီး ပြန်မဆပ်လို့ ငါတို့သူဌေးက သူကိုရိုက်ခိုင်းလိုက်တာ ”
" ကျွန်တော်လည်း အခုခင်ဗျားတို့ အ
ကြွေးကိုပြန်ဆပ်မလို့ အလုပ်လိုက်ရှာနေတာပါ ”" သူ့အကြွေးက ဘယ်လောက်မို့လို့လဲ ငါပေးမယ် သူကိုထပ် မနှောက်ယှက်နဲ့တော့ ”
" ကျွန်တော်တို့လည်း သူဆီကပိုက်ဆံရမှ ဖြစ်မှာမို့လို့ပါ အခုပိုက်ဆံပြန်ရပြီ ဆိုတော့သူကိုထပ် မနှောက်ယှက်တော့ပါဘူး ”
အကြွေးရှင်တွေ ထွက်သွားမှ လဲကျနေတဲ့ကလေးလေးကိုထူပေးလိုက်ပြီး အိမ်ပြန်ပို့ပေးလိုက်တယ်။ ပြီးခါမှ သူကိုကူညီပေးတဲ့လူကို လိုက်ရှာလိုက်တော့ သစ်ပင်တစ်ခုမှာ မှီပြီးရပ်နေတာကို တွေ့လိုက်ရတယ်။
* ချောလိုက်တာ ဟိဟိ *
သူလည်း အဲ့တစ်ယောက်နားသွားပြီး
" စောနက ကူညီပေးတာ ကျေးဇူးတင်ပါတယ် ”
" ရပါတယ်ဗျာ မင်းသမီးကတောင် အမြင်မတော်လို့ ကူညီပေးနေတာကို ကျွန်တော့်လို ယောကျာ်းတစ်ယောက်ကကျော် သွားလို့ဖြစ်ပါ့မလား ”
![](https://img.wattpad.com/cover/288846538-288-k674517.jpg)
YOU ARE READING
find the true love. system (အချစ်စစ် ရှာဖွေခြင်း system) ( On Going )
Fanfictionstart. 7.8.2022 End......................