Part 3

2.1K 65 0
                                    

ကိုယ့်ရဲ့အလင်းရောင်

အပိုင်း- ၃

#ကိုယ့်ရဲ့အလင်းရောင်

တိတ်ဆိတ်နေတဲ့ ညတစ်ညမှာ ‌လှိုင်လှိုင်အား တိုက်၍ ကြောက်နေတဲ့ မိန်းမငယ်တစ်ဉီးက ပန်းပင်ကြားထဲ ကိုယ်ကိုကွယ်နေ၍ ဝပ်နေ၏။

သူမနောက်လိုက်လာတဲ့ ယောက်ျားသားတစ်ဉီး အပြေးနဲ့လာပြီး

"ဒီနားပြေးလာတဲ့မိန်းမတစ်ယောက်ကိုတွေ့မိလား"

"ဟင်.."

လှိုင်လှိုင်ကြောင်အန်အန်ဖြစ်နေပြီး ခေါင်းခါယမ်းမိသွားသည်။

ထိုသူက အရှေ့ကိုကြည့်ပြီး ထပ်ပြေးသည်။

အဲ့အဖြစ်အပျက်က လှိုင်လှိုင်အိမ်ရှေ့မှာမို့..

ခြံထဲမဝင်ခင် ဝပ်နေတဲ့သူမကို ကြည့်မိသည်။

အသားဖြူဖြူနဲ့ ချောလှသည့်မိန်းငယ်တစ်ဉီး ။

လက်တွေလဲတုန်းရီနေပြီး ဒဏ်ရာတွေနဲ့  မျက်နှာတစ်ခုလုံး မျက်ရည်ပရပွနဲ့။

သူမကြောက်နေသည့်ဟန်။

လှိုင်လှိုင်သူမကိုကြည့်ပြီး သနားလာသည်။

"သူဟိုဘက်ကိုထွက်သွားပြီး မကြောက်နဲ့တော့နော်"

ထိုက်နောက်ခြံထဲဝင်ဖို့လုပ်တော့ သူက လှိုင်လက်ကိုဆွဲပြီး..

"ကူညီမပါ အစ်မရယ်နော် ..သူ သူ လာရှာလိမ်မယ် ကူညီပါနော်"

သူမက ဒူးထောက်နေလျက် မောကြည့်လာတော့ လှိုက်သက်ပြင်းချပြီး ..

"ထတော့နော် အိမ်ထဲဝင်ဉီး"

အဲ့တုန်းက လှိုက်ခေါင်းဆောင်ဖြစ်ခါစပဲရှိသေးသည်။

သူက ထမင်းတောင်းစားတော့ ကျွေးလိုက်ပြီး သူက အားရပါရစားနေသည်။

ထမင်းမစားရတာ ဘယ်နရက်တောင်ရှိနေမလဲမသိ။

သူမက လှလည်းလှ၏။

ဒီအိမ်မှာ ရှိနေတဲ့ပြည့်တန်ဆာတွေကလဲ သူမကိုဝိုင်းကြည့်နေတော့ ကြောက်နေသလိုပင်။

"နာမည်ဘယ်လိုခေါ်လဲဟင်"

လှိုင်ကမေးနေပေမဲ့ သူမကိုဝိုင်းကြည့်နေကြတဲ့ ပြည်တန်ဆာတွေကို ခပ်ကုပ်ကုပ်ထိုင်ပြီး လှည့်ကြည့်နေ၍။

✨ကိုယ့်ရဲ့အလင်းရောင်✨Where stories live. Discover now