Part 10

2K 69 0
                                    

ကိုယ့်ရဲ့အလင်းရောင်

အပိုင်း - ၁၀

#ကိုယ့်ရဲ့အလင်းရောင်

အားလုံးက ပျော်နေကပြီး တပွင့်ကိုသူတို့အားမမေ့ဖို့ အထပ်ထပ်မှာပြောကြသည်။

"ဒါအထွေးနံပါတ် ဖုန်းဆက်နော်"

"ဟုတ်ကဲ့"

"တပွင့်လွှတ်လပ်သွားတော့ တကယ်ပျော်တာပဲ"

"တပွင့်လဲပျော်နေပါပြီး ဟိဟိ အိမ်ကိုလွမ်းနေတာ ခုတော့ပြန်ရတော့မယ်"

သခင်က ဗိုက်ဆာလာတာ အောက်ထပ်ဆင်းတော့ ဘယ်သူ့ကိုမှမတွေ့ဘူး။

လိုက်ရှာနေတော့ အားလုံးတပွင့်အခန်းမှာ ပြီးတော့ ပြန်ရတော့မယ်ဆိုပြီး အထပ်ထပ်ပြောနေကြသည်။

လုံးဝမဖြစ်ရဘူး ငါလုံးဝပေးမပြန်နိုင်ဘူး။

-----------------

"ပြီးပြီးလား ပြန်ရအောင်"

အမှောင်က တံခါးပေါက်ကနေ ‌လာခေါ်တော့

"ဟုတ်ကဲ့ ပြီးပါပြီး တပွင့်ပြန်တော့မယ်နော် တာ့တာ"

အားလုံးက ပျော်ပျော်ရွှင်ရွှင်နဲ့ လိုက်လာပြီး အောက်ထပ်ကိုဆင်းလာကြတော့

"ကိုကို တပွင့်ကိုပြန်မပို့ရဘူး"

"သခင် ညီမလေး"

သခင်က သူမလက်ပေါ်က ဓားကို လည်ပင်မှာ စိုက်ထားပြီး သွေးနည်းနည်းယိုလာသည်။

"ညီမလေး ဓားကိုလွှတ်ချလိုက်နော် ကလေးမဆန်ပါနဲ့တော့ ကိုကိုတို့တော်လိုက်ရအောင်"

"မရဘူး သခင်လက်မခံနိုင်ဘူး ကိုကိုရွေး သခင်သေတာကိုမြင်တာလား တပွင့်ပန်းကို ပေးပြန်မှာလား"

"သခင်ငုဝါ နင်အဲ့လိုအကြပ်မကိုင်ပါနဲ့ နင်နဲ့ငါကြားမှာ ဘာအငြိုးအတေမှ ရှိခဲ့တာမဟုတ်ဘူး "

"တပွင့်ပန်း ခုမှနင် ရိုးသားချင်ယောင်ဆောင်မနေပါနဲ့ နင်ဘက်က နိုင်လာခဲ့တဲ့သူဆိုတော့ ‌ဘယ်အငြိုးတွေရှိမှာလဲ ငါကခံခဲ့ရတဲ့လူလေ"

"နင့်ကို ငါကိုယ်ထိလက်ရောက် တစ်ခါမှလုပ်ခဲ့တာမရှိဘူး မိန်းမသားချင်းရန်ဖြစ်စကားများခဲ့တာပဲ ရှိတာ အားလုံးက နင်စခဲ့တာချည်ပဲ ငါနင့်ကိုအရှုံးပေးနေပြီးလေ ငါမှားခဲ့ရင်လဲ တောင်းပန်ပါတယ် နင်ကြေအေးပေးပါတော့"

✨ကိုယ့်ရဲ့အလင်းရောင်✨Where stories live. Discover now