Part 4

2K 64 0
                                    

ကိုယ့်ရဲ့အလင်းရောင်

အပိုင်း - ၄

#ကိုယ့်ရဲ့အလင်းရောင်

မနက်က ထွေးကြောင့်အမှောင်ထဲကကောင်မလေးထမင်းမစားရတော့ စိတ်မကောင်းဖြစ်မိပြီး ထမင်းတွေအပိုထည့်နေမိသည်။

သခင်ရိုက်နေတာကို ပြန်မြင်ယောင်လာပြီး မျက်ဝန်းအိမ်က မျက်ရည်ဉလေးတွေ ရစ်ဝဲလာကာ စိတ်မကောင်းလဲဖြစ်မိသည်။

"အထွေးအဆင်ပြေရဲ့လား နင်မသွားနိုင်ရင် သွယ်ကိုယ်စားသွားပေးမယ်လေ"

"ရပါတယ် မသွယ်ရယ် အထွေးသွားနိုင်ပါတယ်"

"အဆင်မပြေရင်ပြောနော် အစ်မတို့ရှိတယ်သလား"

ထွေးက သွယ်လက်နှစ်ဖက်ကို ကိုင်ပြီး

"သခင်ကြီးက ဘာလိုအဲ့ကောင်မလေးကို နှိပ့်စက်နေတာလဲဟင်"

"မသိဘူးလေ လက်ထောက်ကလွဲပြီး ဘယ်သူမှမသိဘူး"

"ပြန်ပေးဆွဲထားတာလား ရဲတိုင်ရအောင်လေ"

"အဟမွ့"

လက်ထောက်က ချောင်းဟမ့်လာတော့ အထွေး လှည့်ကြည့်ကာ စကားရပ်လိုက်ရတော့သည်။

"မင်းတို့သတိထားနော် ကိုယ့်အလုပ်ကိုမလုပ်ပဲ လျှာရှည်ရင် ဘာဖြစ်သွားမယ်မှတ်လဲ"

"လက်ထောက်ကြီးရော အဲ့ကောင်မလေးကို မသနားဘူးလား"

ပန်ကန်သုပ်နေတာကိုရပ်ပြီး လက်ထောက်ကို ပန်းပန်းပြောတော့ လက်ထောက်ကြီး ခြေလှမ်းရပ်ကာဟခနငြိမ်သွားသည်။ ပြီးမှ

"အဲ့တာသူတို့ကြားက ကိစ္စ ငါတို့ဝင်ပါစရာမလိုဘူး ကိုယ့်အလုပ်ကိုလုပ်ရင်ကောင်းမယ်နော် အသက်ဆက်ရှင်ချင်ရင်ပေါ့ အ့.. အလုပ်ထွက်ချင်လဲပြောနော် မတားဘူး"

ပြောပြီးပြီးချင်း လက်ထောက်ထွက်သွားကာ ပန်းပင်ကြီးအကွယ်မှာ သက်ပြင်းချနေမိသည်။

သခင်ဘာတွေလုပ်နေတာလဲဆိုတာ သူမသိပါဘူး။

အမိန့်အရ သာပါ ကိုယ်တိုင်လဲအဲ့ကောင်မလေးကို သနားမိသည်။

သခင်ကြီးဆီက ထွက်လာတော့ လက်ကဒဏ်ရာတွေဆေးထည့်ပြီး ပတ်တီးစည်းပေးခဲ့သည်။

✨ကိုယ့်ရဲ့အလင်းရောင်✨Where stories live. Discover now