Part 20

1.6K 44 0
                                    

ကိုယ့်ရဲ့အလင်းရောင်

အပိုင်း - ၂၀

#ကိုယ့်ရဲ့အလင်းရောင်

"တီးတောင် တီးတောင်"

တပွင့်က နှင်းဆီပန်းအိုးလေးကို ရေးစွတ်ပေးနေရင်း ခြံဟွမ်းကြောင့် ထွက်လာ၏။

တပွင့် ကိုဟိန်းအိမ်မှာ လွှတ်လွှတ်လပ်လပ်နေခွင့်ရှိသည်။

ကိုဟိန်းအိမ်မှာက ဉီးလေးရတုရယ် ကိုဟိန်းရယ် အိမ်ကူဒေါ်ကြီးစုစုရယ် တပွင့်ရယ် လေးယောက်ပဲ။

‌ဒေါ်ကြီးကို တပွင့်ဝိုင်းကူးပေးပြီး ဒေါ်ကြီးက ဟင်းချက်သင်ပေး၏။

ကိုဟိန်းအမေက လွန်းခဲ့တဲ့တစ်နှစ်က ဆုံးသွားခဲ့ပါပြီး။

တစ်ခါတစ်လေ တပွင့် ဒေါ်ကြီးနဲ့ စျေးအတူသွားတတ်သည်။

ကိုဟိန်းက တပွင့်ကို ချစ်ခင်ပြီး မုန့်ဖိုးလည်ပေးတတ်သေး၏။

တစ်ခါတစ်လေ တပွင့်တစ်ယောက်ထဲအပြင်ထွက်ပြီး မုန့်ဝယ်စားတတ်သည်။

ထွက်လာတော့ တွေ့ရသည့် ဧည့်သည်က အမှောင် နဲ့ လက်ထောက်ကြီး။

လမ်းတစ်ဝက်မှာပဲ တပွင့်ပြန်လှည့်လာ၏။

ခြံတံခါးကို မဖွင့်ပေးပဲ အိမ်ထဲဝင်ပြေးသွားသည်။

"တပွင့်..ကိုယ့်ကိုတံခါးလာဖွင့်ပေးပါဉီး တပွင့်ရေး"

အမှောင်အော်ခေါ်နေပေမဲ့ တပွင့်လှည့်မကြည့်လာပါ။

စာကြည့်တိုက်မှာ စာအမြဲဖက်တတ်တဲ့ ကိုဟိန်းဆီကိုပြေးလာပြီး..

"ကိုဟိန်း...အမှောင်ရောက်နေတယ်"

"ဟမ် ဘယ်မှာလဲ"

"ခြံရှေ့မှာ "

"ဝင်ခွင့်ပေးလိုက် "

"ဟင် တပွင့်သူနဲ့မပြန်လိုက်ချင်ဘူးနော်"

"ကိုဟိန်းပြန်မပို့ပေးပါဘူး စိတ်ချပါ တံခါးသွားဖွင့်ပေးလိုက်နော်"

"ဟုတ်ကဲ့"

တပွင့်အောက်ထပ်ကိုဆင်းလာပြီး မီးဖိုချောင်ထဲ ဝင်သွား၏။

"ဒေါ်ကြီးရေး ခြံရှေ့မှာ ဧည့်သည်လာတယ် သွားဖွင့်ပေးပါလား ပန်ကန်တွေတပွင့်ဆေးထားပါ့မယ်"

✨ကိုယ့်ရဲ့အလင်းရောင်✨Nơi câu chuyện tồn tại. Hãy khám phá bây giờ