ကိုယ့်ရဲ့အလင်းရောင်
အပိုင်း - ၁၅
#ကိုယ့်ရဲ့အလင်းရောင်
ဆိုင်တစ်ခုမှာ ကောင်မလေးနှစ်ယောက်က ထိုင်နေ၏။
အမှောင်က လက်ထောက်ကြီးနဲ့ဝင်လာပြီးထိုင်သည်။
"ဟောဒီက ကောင်မလေးတွေက တပွင့်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေလား"
အမှောင်မေးလာတော့
"ဟုတ်ကဲ့ ကျွန်မတို့က တပွင့်ရဲ့ သူငယ်ချင်းတွေပါ "
"နာမည်လေးတွေသိခွင့်ရမလားမသိဘူး"
လက်ထောက်ကြီးမေးတော့..
"ဟုတ်ကဲ့ ရပါတယ် ကျွန်မ နာမည်က စိုးကေသာက သူက နွေးဉီး ပါ"
"ဟုတ်ကဲ့"
"ဒါနဲ့ ကျွန်မတို့ကို ခေါ်တွေ့ချင်တဲ့ အကြောင်းလေးကို သိခွင့်ရမလားရှင့်"
"အော် ကျွန်တော်က တပွင့်နဲ့ ပတ်သက်သူတစ်ယော်ပါပဲ ပြောရမယ်ဆို သခင်ငုဝါရဲ့ အစ်ကိုပါ"
"ရှင်"
"ဟုတ်ကဲ့ ကျွန်တော်က တပွင့်အကြောင်းလေးသိချင်တာ ပြီးတော့ သခင်ကြားက ပတ်သက်မှုတွေ သိချင်တာလဲရှိလို့ပါ "
"အစ်ကိုက သခင်ရဲ့အစ်ကိုလား သခင်နဲ့တပွင့်ကြားက ဘာဖြစ်ခဲ့တာသိချင်တာလဲ ကျွန်မတို့ သိမ့်မရှင်းလို့"
"ဟို တပွင့်က သခင်ကိုအနိုင်ကျင့်ခဲ့တာတို့ သိချင်တာ ရိုက်နှက်ခဲ့တာရော သိချင်တာပါ"
"ရှင် တပွင့်အဲ့လိုမလုပ်ဖူးပါဘူး သခင်ကအဲ့လိုပြောလို့လား"
"ဗျာ"
"ကျွန်မတို့က တပွင့်နဲ့ပေါင်းလာတာကြာပါပြီး အဲ့လိုတော့တပွင့်မလုပ်ဘူး"
"ဒါဆို သူတို့က ပြဿနာတွေဖြစ်ဖူးလား"
"ဖြစ်ဖူးပါတယ် အဲ့ချိန်တုန်းက စတာ"
တဣသိုလ်ပထမနှစ်🍃
အားလုံးက မဲရွေးခဲ့ပြီး သခင်ကို တပွင့်က တစ်မဲတည်နှင့်အနိုင်ရခဲ့သည်။ တကျောင်းလုံး Queen အဖြစ်ပေါ့။
တပွင့်တို့ကျောင်းဆင်းတော့။
"ဟေ့ ခန"
သခင်က တပွင့်ကို ခေါ်လိုက်ပြီး လမ်းလျှောက်လာ၏။

YOU ARE READING
✨ကိုယ့်ရဲ့အလင်းရောင်✨
Romance💕ဒေါ်လှိုင်လှိုင်တတ်💕 "ဖူး သမီးလေးကိုလေ ငါ့သမီးနဲ့မခြားချစ်ပါ့မယ် ငါဂရုစိုက်မယ်သလား နင်စိတ်အေးလက်အေးအနားယူးပါနော် နင်မလုပ်ချင်တဲ့ အလုပ်ကို သီးခံပြီးလုပ်ခဲ့တယ် နင်မကြိုက်တာမို့ နင့်သမီးလေးကို ငါတို့ဘဝလို ဘယ်တော့မှမဖြစ်စေရအောင် ငါကြိုးစားပျိုးထောင်မ...