Part 8

1.8K 68 0
                                    

ကိုယ့်ရဲ့အလင်းရောင်

အပိုင်း - ၈

#ကိုယ့်ရဲ့အလင်းရောင်

"ကိုကို ....ကိုကိုရေး"

ဖခုံးကျော်ဆံပင်ကို ကောက်ထားပြီး စလင်းဘက်ကိုဘေးလွယ်ထားကာ ချိုသာတဲ့အသံနဲ့ အော်ခေါ်နေသည့် သခင်ငုဝါ။

ဒီလိုအသံကို တပွင့်ရင်းနှီးသလိုဖြစ်တာကြောင့် အခန်းထဲကထွက်ကြည့်သည်။

"သခင်ငုဝါ"

သခင်ကို တွေ့တာနဲ့ တပွင့်အားကိုးတကြီးပြေးလာမိပြီး။

"သခင်ငုဝါ ငါ့ကိုကူညီပါလား ကျောင်းမှာ စာမေးပွဲ ဖြေပြီးပြီးလားဟင် "

တပွင့်က အားကိုတကြီး သခင်လက်ကို ဆွဲကိုင်တော့ ပြန်ပုတ်ချလိုက်ပြီး

"ဖယ်စမ်းပါ ငါ့လက်တွေတော့ ညစ်ပတ်ကုန်ပြီး"

သခင်က သူမလက်ကို လည်ပင်ပေါ်က ပတ်ထားတဲ့ ပုဝါနဲ့သုပ်နေပြီး နှာခေါင်းရှုပ်သည်။

"တို့မတွေ့ကြတာကြပြီးနော်"

သူက ရပ်နေတဲ့ တပွင့်ကို လှည့်ပက်လျှောက်ကြည့်ရင်း

"ဒီလောက်ဒုက္ခရောက်နေတာတောင် ကျောင်းကိုသတိရနိုင်သေးနော်

ဘာလဲ ကျောင်းမှာ နင့်ကိုချစ်ခွင့်ပန်းမဲ့ အမျိုးသားထုကြီးတွေကို လွမ်းတာလား"

"သခင်ငုဝါ နင်ငါ့ကိုမစော်ကားပါနဲ့  ခုကိစ္စမှာ နင်ပယောဂမကင်းဘူးမလား"

"ဟုတ်တယ် ငါ့ပယောဂမကင်းဘူး နင့်ကို ငါအစထဲပြောခဲ့တယ်မလား သခင်ငုဝါဆိုတဲ့ ငါဒေါသကို လာမစွနဲ့လို့"

"ငါ့ကို အိမ်ထဲလှောင်ပိတ်ထားတာနင်ပေါ့"

"ဒါပေါ့ ကျောင်းကိုသတိမရပါနဲ့တော့ "

"ငါဟာငါ ဘာကိုသတိရရပေါ့ အေးနင်ပယောဂကြောင့်ဖြစ်ခဲ့တာဆိုရင် မပူနဲ့ နင့်အလှည့်ငါ့အလှည့်ဆိုတာရှိတယ်"

သခင်က ခပ်ယဲ့ယဲ့လေးရယ်ပြီး

"ခုထိအကျောတင်းနေတုန်းပဲကို ကိုကိုတစ်ယောက်ထဲ နင့်ကိုနိုမ်စက်တော့မှာမဟုတ်ဘူးနော် ငါပါနင့်ကို နိုမ့်စက်မှာ"

✨ကိုယ့်ရဲ့အလင်းရောင်✨Tempat cerita menjadi hidup. Temukan sekarang