Part 16

1.5K 48 0
                                    

ကိုယ့်ရဲ့အလင်းရောင်

အပိုင်း - ၁၆

#ကိုယ့်ရဲ့အလင်းရောင်

ဉီးမဟာပိုင်တဲ့ ကားထုတ်လုပ်ရေး ကုမ္ပဏီက ပြဿနာကြောင့် အမှောင်ကို ချက်ချင်းခေါ်လိုက်ရသည်။

မည်သူမည်ဝါမသိတဲ့ ကုမ္ပဏီတစ်ခုက နိုင်ငံခြားကပို့လာတဲ့ ကုန်ကြမ်းတွေကို ဖြတ်ဖြတ်လုနေတာလဲ တစ်ကြိမ်မကတော့ဘူး။

ဟိုတစ်ခါအစည်းအဝေးမှာလဲ စုံစမ်းဖို့ပြောထားပေမဲ့ ဘာမှမသိခဲ့ရ။

ကားထုတ်လုပ်ကုမ္ပဏီသည် ဉီးမဟာပိုင်မဟုတ်ခဲ့ပါဘူး။ အမှောင်မိဘပိုင်တွေဖြစ်ပြီး ဉီးမဟာရဲ့ အရင်းနှီးဆုံးလူဖြစ်ခဲ့သည်။

သိုသော် ဉီးမဟာရဲ့လောဘကြောင့် အောင်မြင်လာတဲ့အချစ်ဆုံးသူငယ်ချင်းပိုင်ကို လုယူဖို့ ကြိုးစားခဲ့၏။

ခရီးသွားမဲ့ သူတို့မိသားစုကားကို ဘရိတ်ဖြုတ်ခဲ့တာမို့ လမ်းခုလတ်မှာ အရှိန်မထိန်းနိုင်ပဲ ကားမှောက်ခဲ့ကြသည်။

ကံကောင်းစွာ အနောက်ခန်းက ကပ်ညှပ်နေသည့်အမှောင် အသက်ရှိသေ၏။

မိဘနှစ်ပါးက ချောက်ကမ်းပါးထဲသို့ ပြုတ်ကျခဲ့ကြသည်။

တစ်လကြာမှ အလောင်းရှာတွေ့တော့ ရုပ်ပျက်စီးကုန်ပါပြီး။

အမှောင်သတိမေ့လဲ့ခဲ့တာ တစ်လလောက်ရှိခဲ့ပြီး ဘာဖြစ်ခဲ့လဲဆိုတာ သူသေချာမသိတော့ပါဘူး။

မိသားစုနဲ့ပျော်စရာအမှတ်တရတွေနဲ့အမှောင်အတိတ်က မှုံဝါးဝါးပါပဲ။

၅ နှစ်သားမို့ ငယ်သေး၍ အားနည်းခဲ့တာလဲပါ၏။

ထိုအချိန်က ဉီးမဟာ ဟာ လူပျိုပေါက်စလေးပဲရှိခဲ့ပြီး အမှောင် ၈နှစ်သားလောက်မှ ဒေါ်သက်မာလာနှင့်အိမ်ထောင်ကျခဲ့၏။

ဉီးမဟာဆိုတာ အမှောင်ရဲ့အဖေတစ်ယောက်လိုပါပဲ။ အမှောင်ကိုကောင်းကောင်းမွန်မွန်ပြုစုရှောက်စောင့်ခဲ့၏။

ကိစ္စအရေးကြီးဆိုရင် အမှောင်မပါမဖြစ် ဉီးမဟာယုံကြည်အားကိုးရတဲ့သား‌ဖြစ်ခဲ့၏။

ကုန်ကြမ်းတွေ လုခံရလို့ ကားတွေမထုပ်လုပ်နိုင် အရှုံးပဲပေါ်နေတော့ အချိန်ကြာရင် သူတို့စီးပွားရေးထိုးကျသွားနိုင်တာကြောင့် အလျင်လိုနေခဲ့သည်။

✨ကိုယ့်ရဲ့အလင်းရောင်✨Where stories live. Discover now