Part 5

2K 62 0
                                    

ကိုယ့်ရဲ့အလင်းရောင်

အပိုင်း - ၅

#ကိုယ့်ရဲ့အလင်းရောင်ု

"မပန်း တပွင့်ကလေ ပြုံးလိုက်ရင်ချစ်စရာလေး သလား နော်မသွယ်နော်"

"ဟုတ်ပ့"

မီးဖိုဆောင်မှာ ပန်ကန်ဆေးသူကဆေး ဟင်းချက်သူက ချက်နေပြီး အထွေးက အရွက်ချွေရင်းပြောနေသည်။

သူတို့တပွင့်နဲ့ ခင်နေပါပြီး။

သခင်ကြီးက ခုတလော အိမ်ဖော်တွေဘာလုပ်လုပ် အရင်လိုပဲ ဂရုမစိုက်တော့ပါဘူး။

လက်ထောက်ကြီးပဲ ထိန်းပေးပြီး သူက လုပ်နေကြ ကားပတ်မောင်းတာ ဖဲသွားရိုက်တာနဲ့အချိန်ကုန်၏။

သခင်ကြီးက ကားလုပ်ငန်းတည်ထောင်ထားပြီး နိုင်ငံခြားက တင်လာတဲ့ ထိပ်တန်းကားတွေသာရောင်းသည့် ကားကူးသန်းရောင်ဝယ်ရေး။

အဲ့ကြောင့်လဲ အိမ်မှာ ကားငါးစီးလောက်စီးထားပြီး ၃ / ၄ ရက်တစ်စီး အသစ်လဲသည်။

သူက ချမ်းသာသည်ကိုး။

ခြံကအကျယ်ကြီးမှာမှ အိမ်တစ်လုံးတည်။

မြို့ပြင်မှာ ဆောက်ထားပြီး အနီးအနား မည်သူအိမ်မှမရှိ။

ပတ်ဝန်းကျင်က တိတ်ဆိတ်၏။

သူတို့လာတုန်းကလဲ အိမ်က တစ်အိမ်လုံးနက်ဆွေးပြီး မှောင်မဲနေတာမို့ ကျောချမ်းပေမဲ့ ကြာလာတော့ သဘာဝတရားကြီးနှင့်လက်ဆက်တဲ့လေတွေကို သဘောကျလာကြသည်။

ဒီနေရာလေးက အေးချမ်းမှန်းလဲ သိလာသည်။

၃ လတစ်ခါမှ သူတို့အိမ်ပြန်ကြပြီးသူ့အလှည့်နဲ့သူပြန်ကြရသည်။

"တပွင့်အတွက် ပုဇွန်ထုပ်ကြီးချိုချိုစပ်လေး"

အထွေးက ဒယ်အိုးထဲပုဇွန်လေးကိုမွေးရင် ပျော်နေတော့

"တပွင့်ကို တော်တော်ချစ်သွားတာလား"

"ချစ်တာပေါ့ သူကလှလဲလှတယ် ပြီးတော့စကားပြောရင်လည် ယဉ်ယဉ်လေး သခင်ကြီးညီမနဲ့ဆို ကွာလိုက်တာ ချောလှတာချင်းအတူတူ သခင်ငုဝါက စိတ်ပုတ်တယ်"

✨ကိုယ့်ရဲ့အလင်းရောင်✨Where stories live. Discover now