Part 14

1.5K 49 0
                                    

ကိုယ်ရဲ့အလင်းရောင်

အပိုင်း - ၁၄

#ကိုယ့်ရဲ့အလင်းရောင်

"တပွင့်လေးရေး အိမ့်ပြီးလား"

ညည်းတအားနက်နေပြီးမှ အမှောင်က အသံတိုးတိုးလေးနဲ့ တံခါးကို လာခေါက်၏။

"ခုချိန်မှ ဘာကိစ္စဖြစ်ပြန်တာလဲ"

တပွင့်စောင်ခြုံထားပြီး အိပ့်တော့မည်မှ သူကဘာလုပ်မို့ဘာလိမ့်။

တပွင့်တံခါးဖွင့်လိုက်တော့..

"အိမ့်ပြီးလား"

"အိမ့်တော့မှာ အမှောင်ဘာကိစ္စရှိလို့လဲ"

"ကိုယ်ဗိုက်ဆာလို့"

"ရှင် "

"အောက်မှာတစ်ခုခုစားရအောင်လေ"

"မိုးချုပ်နေပြီး ဟို "

"လာပါ"

သူက တပွင့်လက်ကိုအတင်းဆွဲပြီး ခေါ်လာ၏။

မီးဖိုချောင်ကို သူကိုယ်တိုင်တောင်မသွားဖူးတော့ ဘာရှိလဲမသိ။

"ဘာတွေရှိလဲ တပွင့်ကိုယ်ဗိုက်ဆာတယ် တစ်ခုခုလုပ်ပေးပါလား"

"ဟိုလေ တပွင့်ဟင်းမချက်တတ်ဘူး"

"ဟုတ်ရဲ့လား ဗိုက်ကအရမ်းဆာလို့ တစ်ခုခုလုပ်ပေးကွာ"

"ကြက်ဉတော့ ကြော်တတ်တယ်"

"ကြက်ဉ‌လဲရတယ် တပွင့်ချက်ကျွေးတာဆို စားမယ်"

တပွင့်လဲ ရေခဲသေတ္တာထဲက ကြက်ဉကိုယူပြီး ကြော်မို့လုပ်တော့သည်။

ကြက်ဉကိုလဲ ကျွမ်းကျွမ်းကျင်ကျင်မကြော်တတ်ပါ ။ အရင်က မပန်းတို့အားကိုးနဲ့ရလာပေမဲ့ ခုကဘယ်လိုဖြစ်မလဲမသိ။

ပြောလိုက်ပြီးပြီးကို လုပ်ပေးရမှာပေါ့။ ဂတ်အိုးခလုပ်ကိုဖွင့် ဒယ်ပြားကိုတည် ဆီထည့် ပူလာတာနဲ့ကြက်ဉကို ထည့်သည်။

ပြီးရင် ဟိုကလောဒီကလောနဲ့ မတတ်တတတ်လေး လုပ်ရ‌သည်။

"ကျက်ပြီးလား စားလို့ရပြီးလား"

အမှောင်က သူမအနားကိုလာပြီး မေးတော့ ဆေးလိပ်ငွေ့အနံ့တွေက အမှောင်ပါးစပ်ထဲက ထွက်လာ၏။

✨ကိုယ့်ရဲ့အလင်းရောင်✨Where stories live. Discover now