ကိုယ့်ရဲ့အလင်းရောင်
အပိုင်း - ၂၅
#ကိုယ့်ရဲ့အလင်းရောင်
တပွင့် စာကြည့်ခန်းမှာ ရှိသမျှ အကုန်မွှေထုတ်သည်။
မွေးစားစာချုပ်များရှိမလားပေါ့။
စာအုပ်ကြားမကျန်အကုန်ရှာ၏။
သို့သော် ဘာမှမတွေ့။ လူတစ်ယောက်ရဲ့ ငယ်ဘဝကို ရှာရတာ ခက်လှလေခြင်းပင်။
တနေ့လုံးအချိန်ကုန်သွားပေမဲ့ တပွင့်ဘာမှမတွေ့။
စိတ်ပျက်လက်ပျက်နဲ့ ပြန်ထွက်လာခဲ့လိုက်၏။
"တပွင့် စာတွေများကြီးဖက်ခဲ့လား"
"ရှင်"
"ဘာတွေဖက်လိုက်လဲ "
"ဟိုဟိုဒီဒီလိုက်ဖက်တာပဲ "
"ဟုတ်လား ခနနေသခင်ကြီးပြန်လာတော့မယ်"
"ဟုတ်ကဲ့"
တပွင့်စာကြည့်ခန်းထဲ ထွက်လာတော့ အထွေးနဲ့တွေ့ပြီး စကားပြောခဲ့သည်။
အမှောင်ပြန်လာတော့မယ်ဆိုတော့ ညနေစောင်းနေလောက်ပါပြီး။ အဲ့ကြောင့်တပွင့်အခန်းထဲဝင်ပြီး ရေချိုးဖို့ပြင်ရတော့သည်။
တီရှပ်လက်ဝက်နှင့် ဂျင်းဘောင်ဘီးတိုဝတ်ထားပြီး သူမပေါ့ပေါ့ပါးပါးနေ၏။
"မဲတူးကို တွေ့မိကြလား"
အမှောင်ပြန်လာတာနဲ့ တပွင့်မဆုံခဲ့။
တပွင့်ရေချိုးခန်းဝင်နေတုန်းအမှောင်ပြန်ရောက်လာသည်။
အမှောင်ပြန်ရောက်နေပြီးမှန်လဲ သူမမသိ။
သူမအောက်ထပ်ကို ဆင်းပြီး မဲတူးကိုလိုက်ရှာနေ၏။
"သမီးလေး ဘာရှာနေတာလဲ"
"မဲတူးတွေ့မိလားဒေါ်လေးမေ"
"မဲတူးလား အောက်ထပ်သိမ့်မဆင်းဘူး အမှောင်ထုအခန်းပဲ နေတတ်တယ် အဲ့မှာသွားရှာကြည့်"
"ဟုတ်ကဲ့"
တပွင့်ကလဲ အစထဲက အမှောင်ခန်းကို ဝင်ချင်နေခဲ့တာနဲ့ အဆင်ပြေသွား၏။
တပွင့်ပြေးတတ်သွားပြီး အမှောင်ခန်းထဲ ဝင်သွားသည်။
"မဲတူးရေ "

KAMU SEDANG MEMBACA
✨ကိုယ့်ရဲ့အလင်းရောင်✨
Romansa💕ဒေါ်လှိုင်လှိုင်တတ်💕 "ဖူး သမီးလေးကိုလေ ငါ့သမီးနဲ့မခြားချစ်ပါ့မယ် ငါဂရုစိုက်မယ်သလား နင်စိတ်အေးလက်အေးအနားယူးပါနော် နင်မလုပ်ချင်တဲ့ အလုပ်ကို သီးခံပြီးလုပ်ခဲ့တယ် နင်မကြိုက်တာမို့ နင့်သမီးလေးကို ငါတို့ဘဝလို ဘယ်တော့မှမဖြစ်စေရအောင် ငါကြိုးစားပျိုးထောင်မ...