ကိုယ့်ရဲ့အလင်းရောင်
အပိုင်း - ၂၆
#ကိုယ့်ရဲ့အလင်းရောင်
တပွင့်ခြံပြင်ကို ထွက်ပြေးလာတော့ မပန်းက
"တပွင့် ဘယ်သွားမို့လဲ"
"ကိုဟိန်းဆီပြန်ဖို့ "
"ဟင် သခင်ကြီးသိရင် မိုးမီလောင်းဉီးမယ် မပြန်ပါနဲ့လား"
"ခနပဲ ပြန်လာခဲ့မယ် အမှောင်ပြန်လာရင်ပြောလိုက်နော် ကိုဟိန်းဆီကို ခဏသွားတယ်လို့"
"ဟယ်တော့ သခင်ကြီးငါ့ကို သတ်တော့မှာပဲ"
အိမ်ပြင်ရောက်မှ မြို့ပြင်ဖြစ်တော့ Taxi မရှိ။ အိမ်ထဲပြေးဝင်လာပြီး ကားတစ်စီးပေါ် စီး၍မောင်းထွက်သွားသည်။
"ဟဲ့..ဟဲ့..တပွင့်...အမလေးမြတ်စွာဘုရား ပြဿနာတော့ တတ်တော့မှာပဲ"
တပွင့် ကိုဟိန်းကို ရောက်သွားတော့ ကိုဟိန်းမရှိ။
ဉီးလေးအခန်းထဲမှာဝင်ကြည့်တော့ ဉီးလေးက ကိုဟိန်းနဲ့တွဲရိုက်ထားတဲ့ ဓာတ်ပုံကိုင်ပြီး ပြုံးနေသည်။
ဉီးလေးသူ့သားကို သတိရနေတာလား။
"ဉီးလေး"
"ဟေး"
တပွင့်က တံခါးဖွင့်ပြီး ဉီးလေးကဓာတ်ပုံကို ခုံပေါ်တင်ပြီး လှည်ကို လှည့်လိုက်၏။
"သမီးတပွင့် ဇင်ဟိန်းကို လာရှာတာလား"
"ဟုတ်ကဲ့ "
"ဇင်ဟိန်းက ကုမ္ပဏီသွားတယ် မရှိဘူး"
"သမီးဝင်လာလို့ရလား"
"ရတယ်လေ ဝင်လာ"
တပွင့်က ဝင်လာပြီး ခုံပေါ်ထိုင်ကာ၄ ငယ်ရွယ်စဉ်က ဉီးလေးပုံကို ကြည့်မိသည်။
ဉီးလေးက တပွင့်ကြည့်နေတာ ပြုံးကြည့်နေပြီး။
"ဇင်ဟိန်းနဲ့စစတွေ့တုံးက ရိုက်ထားတာလေ"
"ဟုတ်ကဲ့ ဉီးလေးက ကြည့်ကောင်းတယ်နော် "
"ခုရော ကြည့်မကောင်းလို့လား"
"ကြည့်ကောင်းပါတယ် ဉီးလေး ဉီးလေးသားကို သတိရနေမှာပဲ"
"ဟမ် ဉီးလေးမှာ သားရှိတာသိတာလား ဇင်ဟိန်းပြောပြတာနေမှာ သတိရတာပေါ့ ခုဆို သူလည်အရွယ်တင်နေလောက်ပါပြီး"

YOU ARE READING
✨ကိုယ့်ရဲ့အလင်းရောင်✨
Romance💕ဒေါ်လှိုင်လှိုင်တတ်💕 "ဖူး သမီးလေးကိုလေ ငါ့သမီးနဲ့မခြားချစ်ပါ့မယ် ငါဂရုစိုက်မယ်သလား နင်စိတ်အေးလက်အေးအနားယူးပါနော် နင်မလုပ်ချင်တဲ့ အလုပ်ကို သီးခံပြီးလုပ်ခဲ့တယ် နင်မကြိုက်တာမို့ နင့်သမီးလေးကို ငါတို့ဘဝလို ဘယ်တော့မှမဖြစ်စေရအောင် ငါကြိုးစားပျိုးထောင်မ...