Part 17

1.5K 45 0
                                    

ကိုယ့်ရဲ့အလင်းရောင်

အပိုင်း - ၁၇

#ကိုယ့်ရဲ့အလင်းရောင်

ရက်တွေနေ့တွေ ကြာလာခဲ့ပေမဲ့တပွင့်ရဲ့အရိပ်အယောင်တွေ ရှာမတွေ့ခဲ့ပါဘူး။

မြို့ပတ်ပြီးရှာခဲ့ရလို့ လူတွေလဲ ချွတ်ခြုံကျနေပါပြီး။

မင်းကိုယ့်ဆီက အရမ်းထွက်ပြေးချင်ခဲ့တာလား။

မင်းကို့ကိုမုန်းနေခဲ့သလား။  တပွင့်ပန်းရယ် ကိုယ် မင်းမရှိရင်မနေနိုင်ဘူး ရူးသွားနိုင်တယ် ။ နောက်နေတယ်ဆိုလဲ တော်လိုက်ပါတော့ ။

မကျဖူးတဲ့ မျက်ရည်တွေက အမှောင်မျက်ဝန်းအိမ်ထဲက နေ အဆက်မပြတ်စီးကျလာ၏။

ကိုယ် ဒီထက်ပိုပြီး လူသားဆန်ခဲ့သင်တယ်။ ကိုယ်တောင်းပန်ပါတယ်။

------------

ပျော့အိနုဖက်တဲ့ မွေ့ယာကနေ တပွင့်သတိရလာသည်။

အေးစက်စက်နဲ့ လက်ပေါ်အရာတစ်ခုရောက်နေသလို ခံစားတာနဲ့ မျက်လုံးကို ဖွင့်လိုက်၏။

မမြင်ဖူးသော လိမ္မော်ရောင် နံရံ။ ပြီးတော့ သန့်ပြန့်မွှေးကြိုင်နေသည့်အခန်းက နိုးလာခြင်း စိတ်ကိုလန်းဆန်‌စေသည်။

"တပွင့်ဘယ်ရောက်နေတာလဲဟင်"

"ရှင် မိန်းကလေးသတိရပြီးလား"

မပန်းအရွယ် မိန်းမကြီးတစ်ယောက်က တပွင့်ကို ရေပတ်တိုက်ပေးရင်းမေး၏။

"ခဏစောင့်နေ သူဌေးကို သွားခေါ်လိုက်မယ်"

သူမက ချက်ချင်းထထွက်ပြေးပြီး စာကြည့်တိုက်စီကိုရောက်တော့..

"သူဌေး မိန်းကလေးသတိရပြီး"

ထိုလူက မျက်မှန်တပ်ထားကာ စာဖက်နေရင်းမှ အိမ်ဖော်မလေး ပြောသံကြောင့် စာအုပ်ကို ပိတ်လိုက်ကာ..

"အေး ကျွန်တော်လာခဲ့မယ်"

သူက စာအုပ်ကို ခုံပေါ်တင်ကာ လက်ကိုဘောင်းဘီအိပ့်ထဲထည့်ပြီး ထွက်လာသည်။

မီးခိုးရောင်ရှပ်နဲ့ အနက်ရောင် ဘောင်းဘီရှည်က သူကိုယ်ပေါ်မှာ အခန့်သား။

✨ကိုယ့်ရဲ့အလင်းရောင်✨Where stories live. Discover now