ကိုယ့်ရဲ့အလင်းရောင်
အပိုင်း - ၆
#ကိုယ့်ရဲ့အလင်းရောင်
"ဒီနေ့ တပွင့်စားချင်တာ ဘာမှာသေးလဲ"
"မမှာဘူး ငဖဲချဉ်စပ်ချက်လိုက်မလား"
"တပွင့်က ဘာဟင်းဖြစ်ဖြစ်စားပါတယ် "
"မထင်ဘူးနော် သူက အကောင်လေးသေးသလောက် အစားတွေအကုန်စားတာ"
"ဟုတ်တယ်နော် အထွေးပေးတဲ့ဟင်းထမင်း အကုန်ပြောင်အောင်စားတယ် နှစ်လတောင်ပြည့်တော့မယ် သူက အိမ့်လိုက်စားလိုက်ပဲ နေရတာ ဝမလားဘူး"
"စိတ်ဖိစီးမှူတွေနဲ့ ဘယ်သူကအိမ့်ရနေလဲ အထွေးရဲ့"
"ခုတလော တပွင့်ကိုကြည့်ပါလား တစ်နေ့တစ်နေ့ လှလာလိုက်တာ မျက်နှာပေါ်မှာ ဘာမှလူးမထားတာတောင်နူးအိနေရော အမလေး တပွင့်ရဲ့ကောင်လေးသာဖြစ်ခဲ့ရင် အဲ့ပါးလေးကို ကိုက်မိမှာ"
"ဟုတ်ပါတယ် သူကအရင်ကလို မျက်ကွင်းတွေချောင်မကျတော့ဘူး ပြည့်ဖောင်းပြီးလှလာတယ်"
"စိတ်ချမ်းသာအောင်ထားကြ အဲ့ချိန်မှ သူမပိုလှလာတော့ သခင်ကြီးက အနိုင်ကျင့်မရဲ့လောက်အောင် လှပြီးဆွဲဆောင်နေမှာ အဟိ"
အားလုံးထဲက စကားအများဆုံးအထွေးက ကြက်သွန်နွာရင်း ပြောနေကာ ကျေနပ်နေ၏။
"အဟမြ့"
လက်ထောက်ကြီးရဲ့ ချောင်ဟမ့်သံကြောင့် မီးဖိုချောင်က သူတို့ လှည့်ကည့်လာကြသည်။
လက်ထောက်ကြီးက အမှောင်လိုမဟုတ်ပါဘူး။
ချစ်တတ်ပြီး နူးညံ့တဲ့နှံလုံသားပိုင်ရှင် လူပျိုးကြီး ၃၀ကျော်ဝန်းကျင်ပါ။
ခပ်တည်တည်ပြောဆိုနေထိုင်တာဆိုပေမဲ့ သူ့နေရာနေသူ ပြုမှုသည်။
အမှောင်ပြီးရင် အာဏာရှိတာ လက်ထောက်ကြီးပါ။
အားလုံးက သူ့ကို ချစ်ကြောက်ရိုးသေ၏။
လက်ထောက်ကြီး ခပ်ပြုံးပြုံးပုံစံမို့ သူတို့ကို လာဆူတာမဟုတ်မှန်းသိသည်။
လူပျိုကြီးလက်ထောက်က မပန်းကိုအမြဲလာကြည့်နေကြ။
အရေးကြုံရင်ကြုံသလို မတော်တဆဖြစ်သလို့ တမင်အကြည့်ချင်ဆုံးသလို အမျိုးမျိုးအဖုံဖုံပါပဲ။
YOU ARE READING
✨ကိုယ့်ရဲ့အလင်းရောင်✨
Romance💕ဒေါ်လှိုင်လှိုင်တတ်💕 "ဖူး သမီးလေးကိုလေ ငါ့သမီးနဲ့မခြားချစ်ပါ့မယ် ငါဂရုစိုက်မယ်သလား နင်စိတ်အေးလက်အေးအနားယူးပါနော် နင်မလုပ်ချင်တဲ့ အလုပ်ကို သီးခံပြီးလုပ်ခဲ့တယ် နင်မကြိုက်တာမို့ နင့်သမီးလေးကို ငါတို့ဘဝလို ဘယ်တော့မှမဖြစ်စေရအောင် ငါကြိုးစားပျိုးထောင်မ...