Part 11

1.8K 54 0
                                    

ကိုယ့်ရဲ့အလင်းရောင်

အပိုင်း - ၁၁

#ကိုယ်ရဲ့အလင်းရောင်

အမှောင်လန်းလန်းဆန်ဆန်နိုးလာတော့ ဘေးနားက အိမ့်ပျော်နေတဲ့တပွင့်ကို တွေ့လိုက်၏။

ကိုယ့်ကိုကိုယ်ပြကြည့်တော့...

တပွင့်အရင်နိုးနှင့်နေပေမဲ့ မျက်စိမှိတ်၍နေနေ၏။အမှောင်က မွေ့ယာပေါ်ကနေထထိုင်ပြီး သူ့ကိုကျော်ခိုင်အိမ့်နေသည့် တပွင့်ငုံ့ကြည့်နေသည်။

ရင်ကို စောင်နဲ့ဖုံးထားပြီး ဖက်ခုံးလည်တိုင်တစ်ဝိုက် ‌ဖြူဖြူဖွေးဖွေးရင်ဘက်ကအထင်သာ။  သူမမျက်နှာပေါ်  ဆံပင်စတစ်ချို့ ဖုံးပိတ်ထားတော့ သူ့ကလက်လေးနဲ့တို့ဖယ်ပြီး ပါးကိုငုံ့နမ်းမိသည်။

ညကကိစ္စတွေကို သူမှတ်မိ၏။ သူစိတ်ကိုအတပ်နိုင်ဆုံးထိန်ခဲ့ပေမဲ့ မရခဲ့တော့ ရှေ့ဆက်တိုးခဲ့သည်။

အမှောင်မွေ့ယာပေါ်ကနေ ဆင်းသွားပြီး ရေချိုခန်းထဲဝင်သွား၏။

အဲ့ချိန်မှ တပွင့်မျက်လုံးဖွင့်လာပြီးး နှုတ်ခမ်းကိုတင်းကျပ်အောင်ကိုက်ထားကာ မျက်ရည်ပိုးပိုးပေါက်ပေါက်ကျ၏။

ပြီးတော့စောင်ကို ကိုယ်မှာပတ်ပြီး အမှောင်ခန်းထဲက ထွက်လာတော့ သခင်နဲ့ဆုံး၏။

"ဘယ်လိုလဲ ညကပျော်ခဲ့ရဲ့လား "

တပွင့်က စောင်ကိုတင်းကျပ်ကိုင်ထားပြီး သခင်ကိုစိမ့်စိမ့်ကြည့်သည်။ သခင်က ပြုံးလျက် တပွင့်ဆံပင်ကို လက်ညို့နဲ့ဖွဖွလေးလိမ်ကာ...

"စိတ်ကျေနပ်ရဲ့လား တပွင့်ပန်း အားမရရင် ငါညတိုင်းစီစဉ်ပေးမယ်"

"နင်ကျေနပ်တယ်မလား"

"အမ်း"

"ဖယ်"

တပွင့်က သခင်ဖခုံးကို အားကုန်တိုက်ချကာ သူမအခန်းထဲပြန်ဝင်သွား၏။

ခွပ်!!! ခွပ်

တပွင့်အနားရှိသမျှ အကုန်ပစ်ပေါက်မိသည်။

ကိုယ်ခန္ဓာတစ်ခုလုံးလဲ ကိုက်ခဲနေလျက် လက်ကောက်ဝပ်လဲနာကာ
ဝမ်းဗိုက်တစ်ဝိုက်လဲနာကျင်၏။

✨ကိုယ့်ရဲ့အလင်းရောင်✨Where stories live. Discover now