ကိုယ့်ရဲ့အလင်းရောင်
အပိုင်း - ၉
#ကိုယ့်ရဲ့အလင်းရောင်
"တပွင့်ရယ် စားလိုက်ပါနော်"
မပန်းက တပွင့်ကို ဆန်ပြုတ်သောက်ဖို့ နားချနေတဲ့အသံကြားတော့ အမှောင်ခြေလှမ်းရပ်သွားပြီး ရပ်ကြည့်မိသည်။
အမှောင်ရပ်ကြည့်နေတာလဲ သူတို့သိမယ်မထင်။
"တပွင့်မစားချင်ဘူး မပန်းရယ် တပွင့်အိမ်တော့မယ်"
"ဟယ် ခုနကမှ နိုးတာလေ ဘယ်လိုပြန်အိမ့်မှာလဲ မသက်သာဘူးလား"
တပွင့်က မွေ့ယာပေါ်ပြန်လှဲလိုက်ပြီး မပန်းကိုကျောပေးလိုက်ကာ
"တပွင့်အိမ်ပြန်ချင်တယ် မပန်း ပြီးတော့ စာမေးပွဲဖြေချင်တယ် ဆရာဝန်မလေးဖြစ်ချင်တယ်"
မျက်လုံးထောင့်က မျက်ရည်တွေစီးလာပြီး ခေါင်းအုပ်ပေါ် အလိုမကျစွာဖြင့်...
"တပွင့်ဆရာဝန်ဖြစ်ဖို့ ကြိုးစားရမယ်လေ အဲ့ကြောင့်နေမကောင်းဖြစ်လို့မဖြစ်ဘူးမလား ဆရာဝန်တစ်ယောက်ဖြစ်လဲမဲ့ လူက ဘာလို့ကိုယ့်ကျန်းမာရေးကို ဂရုမစိုက်တာလဲ"
"တပွင့်ရဲ့ ရည်မှန်ချက်တွေ ပျက်စီးကုန်ပြီးမပန်းရယ် စာမေးပွဲလဲပြီးသွားပြီး ကျောင်းကလူတွေကလဲ တပွင့်က ဖာဖြစ်နေတဲ့ အီးဟီး.."
"မငိုပါနဲ့တပွင့်ရယ် သူတို့နားလည်မှူလွဲနေကြတာပါ ပတ်ဝန်းကျင်ဆိုတာ ချီးကျူး ၇ ရက် ကဲ့ရဲ့ ၇က်ပါပဲ အရမ်းကြီးတွေးရင် ကိုယ်ပဲဒုက္ခရမှာ တပွင့်က ကျန်းမာနေတာလဲမဟုတ်ဘူး"
"တပွင့်သေချင်တယ်မပန်းရယ် သေချင်တယ် အီးဟီး"
"မလုပ်ရဘူးနော် တပွင့် တပွင့်မမလေးကို စိန်ခေါ်ထားတာလေ အရှုံးပေးလိုက်မို့လား မတရားခံနေတာ ဒီတိုင်းအဆုံးသတ်ချင်နေတာလား"
"သခင်ပြောသလိုပဲ တပွင့်က သူ့ကိုမယှဉ်နိုင်ပါဘူး အစထဲက တပွင့်ရှုံးပြီးသားပါ တပွင့်မနေချင်တော့ဘူး ဒေါ်လေးမေလည် တပွင့်ကိုလာမခေါ်ဘူး တပွင့်ကိုမချစ်ကြတော့ဘူး ရင်ဘက်တွေလဲအောက်တယ် ပါးတွေလဲနားတယ် သွားတစ်ဝိုက်လဲ ကိုက်တယ်။ လည်ပင်လဲနားတယ် တစ်ကိုယ်လုံးကိုက်ခဲနေတယ် တပွင့်မခံစားနိုင်တော့ဘူး တပွင့်သေချင်တယ်"

KAMU SEDANG MEMBACA
✨ကိုယ့်ရဲ့အလင်းရောင်✨
Romansa💕ဒေါ်လှိုင်လှိုင်တတ်💕 "ဖူး သမီးလေးကိုလေ ငါ့သမီးနဲ့မခြားချစ်ပါ့မယ် ငါဂရုစိုက်မယ်သလား နင်စိတ်အေးလက်အေးအနားယူးပါနော် နင်မလုပ်ချင်တဲ့ အလုပ်ကို သီးခံပြီးလုပ်ခဲ့တယ် နင်မကြိုက်တာမို့ နင့်သမီးလေးကို ငါတို့ဘဝလို ဘယ်တော့မှမဖြစ်စေရအောင် ငါကြိုးစားပျိုးထောင်မ...