Part 21

1.5K 45 1
                                    

ကိုယ့်ရဲ့အလင်းရောင်

အပိုင်း - ၂၁

#ကိုယ့်ရဲ့အလင်းရောင်

အမှောင်ထွက်သွားပြီးနောက် တပွင့်ခြံထဲမှာ ထိုင်ငိုနေမိ၏။

"အီးဟီး မုန်းတယ် မုန်းတယ်..အီးဟီး.."

ပါးစပ်က မုန်းတယ်ပြောနေရတာထက် သူ့ကိုသနားမိနေတဲ့စိတ်ကို ပိုမုန်းမိသည်။

သူတို့နှစ်ယောက်ကို အပေါ်ထပ်ကနေ ကြည့်နေတဲ့ဉီးရတုနဲ့ ကိုဟိန်း

"အဲ့တာ မဟာရဲ့ အိမ်စောင့်ခွေးမလား"

"ဟုတ်ပါတယ် ဉီးလေး"

"တပွင့်နဲ့ ဘယ်လိုပတ်သက်တာလဲ"

ကိုဟိန်းက အကြောင်းစုံပြောပြလိုက်သည်။

"မဟာကို ခြိမ်းခြောက်တာ ဘယ်လိုလဲ အခြေအနေ"

"ကောင်းပါတယ် သူတုန်လှုပ်သွားပုံပဲ"

ဉီးရတုက ပြုံးလျက်

"သူ့ကို သွေးပျက်မတတ်ခံစားစေချင်တာ ငါ့သားက ခုသေလားရှင်လားမသိ ရှာခဲ့နေပြီး ဘာမှလဲမသိခဲ့ဘူး ငါရှုံးဆုံးခဲ့တုန်းကိုလို သူ့ကိုအစမတန်ပြန်ခံစားစေချင်တာ သူငယ်ချင်းသစ်စာဖောက်ကောင်"

သူတို့ပြောသော ထိုကိစ္စ

တပွင့်ပေးလိုက်တဲ့ သခင်ငုဝါvedio ကို ဉီးမဟာထံ ကိုဟိန်းပို့ခဲ့သည်။

vedio ကို ဉီးမဟာကြည့်ပြီးနောက်  ကိုဟိန်းထံ ဖုန်းဆက်လာသည်။

"မင်းဘယ်သူလဲ ဘာလို့ ငါ့ကို တိုက်ခိုက်နေတာလဲ မင်းနဲ့ငါကြားမှာ ဘာကိစ္စရှိလို့ လိုက်ပျက်စီးနေတာလဲ"

"တစ်ခုချင်းစီးမေးလဲရပါတယ်ဉီးမဟာရယ် ကျွန်တော်ဘယ်သူလဲဆိုတာ မိတ်မဆက်ချင်ပါဘူး ခင်ဗျားမှာ လူတွေများကြီးပါ စုံစမ်းခိုင်းလိုက်လေ ညံ့ကြလိုက်တာ လူတစ်ယောက်ကိုတောင် မစုံစမ်းနိုင်ဘူးလား"

"မင်းဘာရည်ရွယ်လျက်နဲ့ ဒီvedio ကို ပို့တာလဲ"

"ခုတော့မရည်ရွယ်ထားပေမဲ့ ရည်ရွယ်ချက်တော့ရှိတယ် ဒီဗီဒီယိုဖိုင်သာ လူမှုကွန်ရပ်ကြီးပေါ် ပြန့်သွားခဲ့ရင် ဉီးမဟာဘယ်လိုတွေ ဖြစ်လာနိုင်မလဲလို့"

✨ကိုယ့်ရဲ့အလင်းရောင်✨Where stories live. Discover now