ကိုယ့်ရဲ့အလင်းရောင်
အပိုင်း - ၂၂
#ကိုယ့်ရဲ့အလင်းရောင်
သန်မာတဲ့ယောက်ျားက ခုတော့ ဆေးကြိုးတန်းလန်းနှင့်။
မျက်နှာကျက်ကို မော့ကြည့်ကာ ခေါင်းအုံးထက်မှာ မျက်ရည်အလိမ့်လိမ့်ကျ၍ ပူလောင်မှုက ဒုက္ခပေး၏။
သကြားလုံးလေးလို ချိုမြတဲ့မင်းနှုတ်ခမ်းကို တစ်ကြိမ်ပဲထိမိရုံနဲ့ တစ်သက်လုံးပိုင်ဆိုင်ချင်နေတဲ့ ကိုယ့်ရဲ့စိတ်ကို ခုပြောပြရင် မင်းယုံနိုင်ပါ့မလား။
ရင့်ကျက်နေတဲ့ ကိုယ်က မင်းနဲ့တွေ့မှ ကမ္ဘာပျက်မတတ်ခံစားနေရတယ်။
ကိုယ်ဘယ်လိုနေမှ မင်းကျေနပ်နိုင်မှာလဲ။ ဘယ်လိုတောင်းပန်းမှုက မင်းကိုစိတ်ဖြေပေးနိုင်မလဲ။
ကိုယ်တကယ်မသိတော့ပါဘူး။
ကိုယ့်မှာ ပြောစကားဆိုလို့ သိမ့်ချစ်ခဲ့တာနဲ့ တောင်းပန်ပါတာပါပဲ။
---------
အမှောင် ဒေါ်လှိုင်လှိုင်တတ်နှင့်ဝါဝါကို ခေါ်လာခဲ့ပေမဲ့ ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံခဲ့တာမရှိ။
တပွင့်ပြန်လာနိုင်မဲ့ နည်းလမ်းမို့ လုပ်မိရာလုပ်လိုက်တာပါ။
ဒေါ်လှိုလှိုင်တတ်ရောက်လာကတဲ့က အမှောင် အမှားအတွက်တောင်းပန်းခဲ့သည်။
ရိုးရိုးသေးသေးဆက်ဆံခဲ့သည်။ တပွင့်ကို သူချစ်မှန်းလဲ ဝန်ခံခဲ့သည်။ တပွင့်ကို ပြန်လာစေချင်လို့ လုပ်ခဲ့ပေမဲ့ ဒေါ်လှိုင်လှိုင်တတ်အပေါ် အမှောင်မရက်စက်ခဲ့။
ဒေါ်လေးမေတို့ အမှောင်ဆီမှာ ဘယ်လိုနေလဲ တပွင့်မသိချင်တာ အံ့သြမိ၏။
အမှောင်ဒီလိုဖြစ်နေတာ ကြည့်ရင်တပွင့်ကို သူဘယ်လောက်ချစ်နေမှန်း သိနေရပါပြီး။
သူတို့အမှောင်ကို ဝိုင်းပြုစုပေးခဲ့ကြသည်။
ဒေါ်လှိုင်လှိုင်တတ်က တီဗီရောဂါဆွဲကပ်နေခဲ့၏။
ငယ်ရွယ်စဉ်က ဆေးလိပ်အလွန်သောက်ခဲ့လို့ ခုချိန်မှာ အသက်ရူရကျပ်နေပြီး အချိန်တိုင်းချောင်းစိုးနေခဲ့သည်။
YOU ARE READING
✨ကိုယ့်ရဲ့အလင်းရောင်✨
Romance💕ဒေါ်လှိုင်လှိုင်တတ်💕 "ဖူး သမီးလေးကိုလေ ငါ့သမီးနဲ့မခြားချစ်ပါ့မယ် ငါဂရုစိုက်မယ်သလား နင်စိတ်အေးလက်အေးအနားယူးပါနော် နင်မလုပ်ချင်တဲ့ အလုပ်ကို သီးခံပြီးလုပ်ခဲ့တယ် နင်မကြိုက်တာမို့ နင့်သမီးလေးကို ငါတို့ဘဝလို ဘယ်တော့မှမဖြစ်စေရအောင် ငါကြိုးစားပျိုးထောင်မ...