Part 28

1.7K 44 0
                                    

ကိုယ့်ရဲ့အလင်းရောင်

အပိုင်း - ၂၈

#ကိုယ့်ရဲအလင်းရောင်

မှောင်မိုက်နေတဲ့ ကွင်းပြင်ကျယ်မှာ ရယ်သံတွေ မှန်ကွဲစသံတွေက ဆူညံနေလျက်။

အမှောင်တစ်ယောက်ထဲ လမ်းပျောက်နေခဲ့သည်။

"အမှောင်..အမှောင်.သတိထားပါဉီး"

ဆူညံနေတဲ့ အသံကြားမှာ တပွင့်ရဲ့ခေါ်သံက ကြည်ကြည်လင်လင်ကြားရသည်။

"ဟမ်း..."

အမှောင်လက်တစ်စုံကို တင်းကျပ်အောင်ကိုင်ထားပြီး လန့်နိုးလာသည်။

နဖူး‌ပြေပြေပေါ်က ချွေးစေ့တွေက စီးကျလျက်။

"အမှောင်သတိရပြီးလား"

တပွင့်က အနားမှာထိုင်နေပြီး လက်တစ်ဖက်က အမှောင်နဖူးပေါ်က ချွေးတွေကို သုပ်ပေး၏။

မှုံးဝါးဝါးမျက်နှာကနေ ကြည့်လင်လာတော့ တပွင့်ရဲ့မျက်နှာကို အေးချမ်းစွာဖြင့်။

"သက်သာရဲ့လားဟင်"

အမှောင်မျက်စိမှိတ်ပြ၏။

"သား ဘယ်လိုနေသေးလဲ အဆင်ပြေရဲ့လား"

လှဲနေတဲ့ အမှောင်ခုတင်နားကို ဉီးရတုရောက်လာပြီး အပူတကြီးမေး၏။

"အမှောင် မိုင်ဆန်သက်သာရဲ့လား ဒယ်ဒီဘာလုပ်ပေးရမလဲ "

တဖက်တစ်ကမ်းမှာ အဖေနှစ်ယောက် ခုတင်အလယ်မှာ အမှောင်ဖျာများနေသည်။

ခေါင်းတွေနှောက်လာပြီး ထိုးကိုက်လာ၏။

"အား..အကုန်ထွက်သွားကြ"

"ဟမျး သား.."

"ထွက်သွား!!!"

ဉီးရတုက ဂရုနာအသံနဲ့ပြောနေပေမဲ့ အမှောင်အော်ငေါက်ခဲ့သည်။

ဉီးရတု မျက်နှာညို့ငယ်သွားပြီး ကိုဟိန်းကိုမျက်ရိပ်ပြကာ အခန်းပြင်ကို ထွက်သွား၏။

"မိုင်ဆန်း ဒယ်ဒီ !"

"ထွက်သွား.."

"မဟုတ်ဘူးလေ ဒယ်ဒီက "

"အကုန်ထွက်သွားလို့ ပြောနေတယ်လေ ထွက်သွားကြ!!!"

လူကနေမကောင်းပေမဲ့ အာခေါင်ကွဲအောင်အော်ထုတ်တော့ တပွင့်လဲ အမှောင်ဆုပ်ထားတဲ့လက်ကို ဖြေချရင် ထွက်သွားဖို့လုပ်ရတော့သည်။

✨ကိုယ့်ရဲ့အလင်းရောင်✨Tempat cerita menjadi hidup. Temukan sekarang