Part 13

1.7K 61 0
                                    

ကိုယ်ရဲ့အလင်းရောင်

အပိုင်း - ၁၃

#ကိုယ်ရဲ့အလင်းရောင်

အမှောင်တပွင့်ကို တစ်ညလုံးထိုင်စောင့်နေခဲ့သည်။

တပွင့်က အလင်းရောင်ကြောင့်နိုးလာ၏။

နိုးလာတော့ အမှောင်က သူမလက်ကိုစုပ်ကိုင်ထားပြီး ဘေးမှ မှောက်အိမ့်နေလျက်

လက်လေးလှုပ်လာပြီး အသားလေးသူလက်ကြားက တပွင့်လက်ကို ထုတ်တော့ သူနိုးလာ၏။

"မင်းနိုးပြီးလား သက်သာလား ဘယ်နားနာနေသေးလဲ"

သူက တပွင့်ပါလေးကို ကိုင်ပြီး ယုယုယယမေး၏။

တပွင့်က ခေါင်းခါပြပြီး ဘာမှပြန်မပြောပေ။

"တစ်ခုခုဖြစ်ရင် ကိုယ့်ကိုပြောနော် ကိုယ်အနားပါရှိတယ်

မျက်နှာသွားသစ်မလား ကိုယ်တွဲပေးမယ်"

"ရပါတယ် မလိုပါဘူး တပွင့်သွားနိုင်ပါတယ်"

"အမ်"

တပွင့်က ကိုယ်ဟာကို လွှတ်လွှတ်လပ်လပ်ထသွားပေမဲ့ သူကသံယောဇဉ်မဖျက် နောက်ကလိုက်လာသေး၏။

တပွင့်အမှောင်ကို ဘုကြည့်ကြည့်ပြီး သန့်ရှင်ခန်းတံခါးကို ပိတ်လိုက်၏။

"ဒီလူ ဘာဖြစ်ပြန်တာလဲ တစ်နေ့တစ်နေ့ အပြောင်းအလဲမြန်လို့ သူ့ပုံစံကိုတောင့် ခန့်မှန်မရဘူး ဟာ စိတ်ရှုပ်လိုက်တာ သွားတိုက်နေတာပဲကောင်းတယ်"ဆိုပြီး သွားကိုပဲ အားရုံစိုက်တိုက်နေတော့သည်။

မျက်နှာတွေသစ်ပြီး ထွက်လာတော့ သူကတံခါးနားရပ်နေသည်။

တပွင့်ရုတ်တရက် လန့်သွားပေမဲ့ ကိုယ်ဟန်ကိုယ်ပြန်ထိန်လိုက်ပြီး

"သန့်ရှင်ခန်းဝင်မလို့လား"

"မဟုတ်ပါဘူး"

"သြော် ဟုတ်"

တပွင့်က မှန်တင်ခုံပေါ်ထိုင်ပြီး သနပ်ခါးလေးလူမို့လုပ်တော့လဲ မှန်တင်ခုံနားရောက်လာပြီး ယောင်လည်လည်လုပ်နေ၏။

တပွင့်တကယ်မနေ တတ်ပါဘူး။ ပြုံးစိစိမျက်နှာကလဲ ကြက်သီးထစရာကောင်း၏။ ပြီးတော့နှလုံးခုန်နှုန်းကလဲ သာမန်ထက်မြန်နေတော့ ပိုနေရခက်သည်။

✨ကိုယ့်ရဲ့အလင်းရောင်✨Tempat cerita menjadi hidup. Temukan sekarang