ကိုယ့်ရဲ့အလင်းရောင်
အပိုင်း - ၂၃
#ကိုယ့်ရဲ့အလင်းရောင်
တပွင့်ခြံပြင်ထွက်ပြီး တစ်ယောက်တည် မုန့်ထွက်ဝယ်စား၏။ ပြန်အလာမှာ ဒေါ်လှိုင်လှိုင်တတ်က ကိုဟိန်းခြံရှေ့မှာ မော့ကြည့်မော့ကြည့်နှင့်။
တပွင့် ဒေါ်လှိုင်လှိုင်တတ်ကို တွေ့တာနဲ့
"ဒေါ်လေးမေ"
ဒေါ်လှိုင်လှိုင်တတ်မတွေ့ခင် တပွင့်က အရင်တွေ့တော့ ပြေးဖက်၏။
"သမီးလေး "
"အီးဟီး....ဟီး ...ဒေါ်လေးမေ"
ဒေါ်လှိုင်လှိုင်တတ်က တပွင့်ခေါင်းလေးကို ပုတ်ပေးရင်း
"သမီးလေးအဆင်ပြေလား"
"ဟုတ် ဒေါ်လေးမေရော အဆင်ပြေရဲ့လား အမှောင်ထုက ဘာလုပ်သေးလဲ အနိုင်ကျင့်သေးလား"
"ဟင်အင့် သူနေမကောင်းဘူး အိမ်ယာထဲလှဲနေတာ သမီးလေးကို တွေ့ချင်နေတာ ဒေါ်လေးမေက သမီးကိုလာခေါ်တာ ဒေါ်လေးမေနောက်လိုက်သွားမယ်မလား"
"ဘယ်ကိုလဲ ဒေါ်လေးမေတို့အိမ်မှာလား အမှောင်ထု အိမ်ကိုလား"
"အမှောင်ထုအိမ်ကို"
တပွင့်က လက်ထောက်ကြီးမျက်နှာကို တစ်ချပ်ကြည့်ပြီး..
"ဒေါ်လေးမေတို့ ဘာလောင်းကြေးထပ်ခဲ့ပြန်တာလဲ"
"မဟုတ်ပါ့ဘူး အမှောင်ထုက သမီးကိုတကယ်ချစ်တာပါ သူ့ဆီသွားမနေတာတောင် ခနလေးသွားကြည့်ပေးပါနော် သူ့သမီးလေးကို လိုအပ်နေတာပါ"
ခြံပြင်မှ စကားရပ်ပြောနေကြတာကြောင့် ကိုဟိန်းက လှမ်းတွေ့တာနဲ့ဆင်းလာ၏။
"ဘယ်သူတွေလဲတပွင့် အိမ်ထဲဝင်ခေါ်ခဲ့လေ "
ဧည့်ခံဖို့ပြောလိုက်ပြီးမှ အမှောင်လက်ထောက်ကို တွေ့တော့ဘာမှမတပ်နိုင်။
"ဒေါ်လေးမေ အိမ်ထဲဝင်ပြောရအောင်"
တပွင့်က ဒေါ်လှိုင်လှိုင်တတ်ကိုဆွဲခေါ်တော့ ဒေါ်လှိုင်လှိုင်တတ်က ပြန်ရုံထားလိုက်ပြီး။
BẠN ĐANG ĐỌC
✨ကိုယ့်ရဲ့အလင်းရောင်✨
Lãng mạn💕ဒေါ်လှိုင်လှိုင်တတ်💕 "ဖူး သမီးလေးကိုလေ ငါ့သမီးနဲ့မခြားချစ်ပါ့မယ် ငါဂရုစိုက်မယ်သလား နင်စိတ်အေးလက်အေးအနားယူးပါနော် နင်မလုပ်ချင်တဲ့ အလုပ်ကို သီးခံပြီးလုပ်ခဲ့တယ် နင်မကြိုက်တာမို့ နင့်သမီးလေးကို ငါတို့ဘဝလို ဘယ်တော့မှမဖြစ်စေရအောင် ငါကြိုးစားပျိုးထောင်မ...