ကိုယ့်ရဲ့အလင်းရောင်
အပိုင်း - ၇
#ကိုယ့်ရဲ့အလင်းရောင်
"တပွင့်ရေး မပန်းကို ဆားယူလာပေးဉီး"
"ဟုတ်ကဲ့"
တပွင့်က အရွက်ခြွေနေတာကို ချလိုက်ပြီး ဆားပြေးယူကာ ဟင်းမွှေနေတဲ့ မပန်းကို..
"အင့် ဆား"
"ထည့်ပေးဉီး"
"ဟုတ်ကဲ့"
ဟင်းမချက်ဖူးတော့ ဆားဗူးထဲက ဇွန်းကိုအပြည့်ခပ်ကား ထည့်ဖို့
"အမလေး အစ်မ မထည့်နဲ့အထည့်နဲ့"
"ရှင် မပန်းပဲ ထည့်ဆို"
"ဟုတ်ပါတယ် ထည့်ခိုင်းတာ ဆားအဲ့လောက်ထည့်ရင် ဟင်းတစ်အိုးလုံး ငံကုန်မှာပေါ့"
"အော် အဲ့လိုရှိတာလား ကျောင်းတတ်တုန်းက သင်ရပါတယ် အငံစားများရင် သွေးတိုးတတ်တယ်တဲ့"
"တပွင့်သား အဲ့ဆားအကုန်ထည့်ပြီး သခင်ကြီးသာစားမိရင် ပန်ကန်ပေါက်ပစ်ခံရမှာလား"
"အဲ့လူက အဲ့လောက်ရိုင်းတာလား"
"ရိုင်းတာမဟုတ်ပါဘူး ဒေါသကြီးတာပါ"
"ဘယ်လိုဖြစ်ဖြစ် တပွင့်အမြင်မှာ ကမ္ဘာပေါ်မှာ အဲ့လူအရိုင်းဆုံး"
"တပွင့်က သခင်ကြီးကို အဲ့လူ အဲ့လူခေါ်နေတာ သခင်ကြီးကိုမကြောက်ဘူးလား"
"ကြောက်တော့ကြောက်တာပေါ့ မနွယ်ရယ် သူမကြားလောက်ပါဘူး သူက တပွင့်အနားတောင်မကပ်ဘူး ရွံလို့တဲ့"
"ဒါမဲ့ သူကြားသွားရင် အရိုက်ခံရဉီးမယ် မနွယ်တို့စိတ်ပူတယ်"
"ဒါဆို တပွင့်က သခင်ကြီးလို့ခေါ်ရမှာလား သူနဲ့မတိုက်တန်မှုကြီး"
တပွင့်က မကျေမနပ်ပြောရင်း ခြွေလက်စ အရွက်ကိုဆက်ထိုင်ခြွေလိုက်သည်။
သူတို့လဲ တပွင့်ကိုမနိုင်တော့ပါဘူး။
တကယ့်ကလေးဆိုးလေးအတိုင်းပါပဲ အမှောင်က သူမကို မရှိုက်နှက်တော့ဘူး။ အိမ်ပက်ဝန်းကျင်ကိုလဲ ထွက်သွားထွက်လာခွင့်ပေးသည်။

YOU ARE READING
✨ကိုယ့်ရဲ့အလင်းရောင်✨
Romance💕ဒေါ်လှိုင်လှိုင်တတ်💕 "ဖူး သမီးလေးကိုလေ ငါ့သမီးနဲ့မခြားချစ်ပါ့မယ် ငါဂရုစိုက်မယ်သလား နင်စိတ်အေးလက်အေးအနားယူးပါနော် နင်မလုပ်ချင်တဲ့ အလုပ်ကို သီးခံပြီးလုပ်ခဲ့တယ် နင်မကြိုက်တာမို့ နင့်သမီးလေးကို ငါတို့ဘဝလို ဘယ်တော့မှမဖြစ်စေရအောင် ငါကြိုးစားပျိုးထောင်မ...