ကိုယ့်ရဲ့အလင်းရောင်
အပိုင်း - ၁၂
#ကိုယ့်ရဲ့အလင်းရောင်
ညဘက် တပွင့်အခန်းထဲပြန်ဝင်နားချိန်..
ဒေါက်... ဒေါက်... ဒေါက်
"ရှင် လာပြီး"
တပွင့်က ရေချိုးပြီးခါစမို့ ဆံပင်လဲစိုနေတော့ တာဝါနဲ့ သုပ်ရင်းတံခါးလာဖွင့်၏။
"အမှောင်"
"ကိုယ်ဝင်မယ်နော်"
"ဟုတ်ကဲ့"
အမှောင်က အခန်းထဲဝင်လာပြီး သူကိုင်လာတဲ့ စာချုပ်ကို မှန်တင်ခုံပေါ်တင်လိုက်၏။
"အဲ့နေရာမှာ လက်မှတ်ထိုးလိုက် ကိုယ်ဘက်ထိုးထားပြီးသား"
"ရှင် ဘာစာရွက်လဲ"
တပွင့်မေးမေးချင် စာချုပ်ကိုကောက်ကိုင်လိုက်သည်။ လက်ထပ်စာချုပ်မှန်သိလိုက်တော့ ပြန်ထားလိုက်ကာ
"ကျွန်မ လက်မထပ်ချင်ဘူး"
"ဒါမဲ့ ကိုယ်နဲ့မင်းနဲ့က မှားခဲ့ကြပြီးပြီးလေ "
"မှားထားတယ်ဆိုရင်တောင် ရှင်က ကျွန်မကို ဝယ်ထားတာပဲ လက်ထပ်စရာမှမလိုတာ အစထဲက ကျွန်မက ရှင့်အပိုင်ပဲ လက်ထပ်စာချုပ်လဲမလိုဘူး"
"အရာအားလုံးအတွက် ကိုယ်တောင်းပန်ပါတယ် မင်းကို ကျောင်းကလဲထုတ်လိုက်ပြီး ကိုယ်မတပ်နိုင်ခဲ့လို့ တောင်းပန်ပါတယ်"
တပွင့်က အမှောင်ကို ကျောခိုင်းလှည့်လိုက်ကာ
"ကျွန်မအစထဲက စာမေးပွဲကိစ္စ အများကြီးမမျော်လင့်ထားပါဘူး ဒီလိုတွေဖြစ်ခဲ့ပြီးပြီးပဲ ပြန်ပြင်လို့မှမရတာ ရှင်တို့မောင်နှမတွေ ကျေနပ်ကြတယ်မလား ကျွန်မက လူသိရှင်ကြား ပြည့်တန်ဆာလဲဖြစ်နေပြီးပဲ"
"ကိုယ်တောင်းပန်ပါတယ်"
အမှောင်က တပွင့်ရဲ့သေးသေးသွယ်ခါးလေးကို အနောက်ကနဲ့ ဖက်ထားပြီး သူ့မျက်နှာကို တပွင့်ဖက်ခုံးပေါ် တင်ထား၏။
တပွင့်ရဲ့ ကိုယ်သင်းနံ့က စိတ်ကြွဆေးထက် အဆိပ်ပြင်း၏။စိတ်မထိန်းနိုင်တာနဲ့ လည်တိုင်ကိုယုယုနမ်းလိုက်သည်။

YOU ARE READING
✨ကိုယ့်ရဲ့အလင်းရောင်✨
Romance💕ဒေါ်လှိုင်လှိုင်တတ်💕 "ဖူး သမီးလေးကိုလေ ငါ့သမီးနဲ့မခြားချစ်ပါ့မယ် ငါဂရုစိုက်မယ်သလား နင်စိတ်အေးလက်အေးအနားယူးပါနော် နင်မလုပ်ချင်တဲ့ အလုပ်ကို သီးခံပြီးလုပ်ခဲ့တယ် နင်မကြိုက်တာမို့ နင့်သမီးလေးကို ငါတို့ဘဝလို ဘယ်တော့မှမဖြစ်စေရအောင် ငါကြိုးစားပျိုးထောင်မ...