part 24

1.4K 45 0
                                    

ကိုယ့်ရဲ့အလင်းရောင်

အပိုင်း - ၂၄

# ကိုယ့်ရဲ့အလင်းရောင်

"ဘယ်လို ဖြစ်သွားတာလဲ"

"ဒေဝါလီခံဖို့ နီး‌နေပါပြီး ဉီးလေး ဒါမဲ့ အမှောင်ထုရဲ့ ကားရောင်းဝယ်ရေးက ရောင်းအားကောင်းတဲ့ နေရာမို့ သူတို့အဲမှာ ရောင်းပေးလိုက်တာ အရင်းပြန်ရသွားပုံပဲ သူတို့ဆီက လူတစ်ဝက်က ကျွန်တော်ဆီ ရှယ်ယာဝင်လိုက်ပါပြီး မကြာဘူး ပြန်ပြိုလဲသွားမှာပါ အဲ့လောက်ထိ စိတ်မပူပါနဲ့"

"ဒီတစ်ခါ အပြီးသတ်ရမှာကိုကွာ မဟာ..မဟာတော်တော်အသက်ပြင်းပါလား"

"အဲ့လောက်ထိမဟုတ်ဘူး ပြိုလဲအောင်လုပ်မှာပါ"

"အမှောင်ထုကို ဘယ်ရှင်းရမှာလဲ"

တပွင့် ဉီးလေးအတွက် ထမင်းလာပို့တော့ တံခါးရောက်ခါနီး ဉီးရတု စကားကြောင့် ခြေလှမ်းတုန့်သွား၏။

"ရှင်းရခက်နေတာ သူက တပွင့်နဲ့ ပတ်သက်နေတော့"

"ဟုတ်တယ် သူကမဟာရဲ့ခွေးပဲ တပွင့်ဘက်က ပျက်သားရင် ရှင်းရမှာပေါ့ ခုသူကယ်လို့ မဟာအသက်ရှုပေါက်ရနေတာ အသက်ရှုပေါက်တွေ အကုန်ပိတ်ရမယ် မင်းအမှောင်ထုအကြောင်း စုံစမ်းခဲ့သေးလား"

"ဟုတ်ကဲ့ သူက ဉီမဟာအိမ်စောင့်ခွေး‌ဆိုပေမဲ့ တရားဝင်မွေးစားသားပါအသက် ၅နှစ်အရွယ်မှာ မွေးစားခဲ့တာ ဘယ်ကနေ မွေးခဲ့တာလဲ မသိရသေးဘူး"

"တပွင့်အကူအညီလိုလား"

သူတို့စကားပြောနေတဲ့ကြားက တပွင့်အသံကြားတော့ မျက်နှာအကုန်တပွင့်ဘက်ရောက်ကုန်၏။

"တပွင့်က ဘယ်လိုကူညီချင်တာလဲ"

"အမှောင်ရဲ့ မူလအစစ်အမှန်ကို စုံစမ်းပေးမယ်"

"တပွင့်အမှောင်ဆီ ပြန်သွားမလို့လား"

"ဟုတ်ကဲ့"

"သူ့အပေါ် ဖြတ်သားလို့လားအမှောင်ထုတစ်ခုခုလုပ်ရင် ဘယ်လိုလုပ်မလဲ"

"တပွင့်အမှောင်ပြိုလှဲတာ မြင်ချင်တယ် ဉီးလေးတို့ကလဲ အမှောင်ကို ပြိုလှဲဖို့ကြိုးစားနေတာပဲ တပွင့်ဘက်က ကိုဟိန်းတို့အပေါ် တင်ခဲ့ကျေးဇူးတွေက ဒါနဲ့ပြန်ဆပ်ပါရစေ"

✨ကိုယ့်ရဲ့အလင်းရောင်✨Where stories live. Discover now