ကိုယ့်ရဲ့အလင်းရောင်
အပိုင်း - ၂၉ ( ဇာတ်သိမ်း )
#ကိုယ့်ရဲ့အလင်းရောင်
"သား မမှတ်မိဘူးလား"
"ကျုပ်က ဘာကိုမှတ်မိရမှာလဲ"
"အဲ့ဓာတ်ပုံက သားမေမေမွေးနေ့မှရိုက်ထားတာလေ"
"ကျုပ်မမှတ်ဘူး သိလည်းမသိဘူး"
အမှောင်အတိတ်ကအကြောင်းတကယ်ဘာမှမမှတ်မိတာအမှန်ပင်။
ချောက်ကမ်းပါပေါ် ကျလုဆဲဆဲကားအဖြူရောင်တစ်စီးရဲ့ တို့လို့တန်လန်းအနေအထားကို တစ်ချို့တစ်ဝက်ဝက်သာ မြင်နေရသည်။
ဆေးရုံတတ်နေတဲ့ သကာလ အဲ့ဒီအဖြစ်အပျက်ကိုပဲ မြင်မက်လေ့ရှိ၏။
အတိတ်ကအရာတွေကို အကုန်မှတ်မိသွားတာမျိုးမဟုတ်။
"သားက အဖေ့သားဆိုတာယုံကြည်တယ် သားဘက်ကလက်မခံနိုင်ရင်လည်း အဖေအချိန်စောင့်ပေးပါ့မယ် တသက်လုံးမသိချင်တော့ဘူးဆိုရင်လည်း ပျောက်ကွယ်ပေးမယ် မင်းအဆင်ပြေဖို့အရေးကြီးတယ်"
ဉီးရတုက လှည်ဘီးလေးကို နောက်လှည့်တွန်းပြီးထွက်သွားတော့ အမှောင်က အနောက်နေ ရပ်ကြည့်နေခဲ့သည်။
ဓာတ်ပုံတွေက တူနေတာမှန်ပေမဲ့ သူ့စိတ်တွေက စဝေစဝါဖြစ်နေတုန်း ဆေးစစ်ရင် ပိုသေချာမှာမို့ စစ်ရမည်။
"ဘာလို့ ကျုပ်ကိုထားခဲတာလဲဆိုတာကို သိနိုင်မလား"
ဉီးရတု ထွက်သွားပြီးမှ အမှောင်လှမ်းပြော၏။ ဉီးရတုက ပြန်လှည့်ကြည့်လိုက်ပြီး။
"ထားခဲ့တာမဟုတ်ဘူး ပျောက်သွားတာ ပျက်စီးသွားခဲ့တာ"
"ဘာကြောင့်လဲ ဘာဖြစ်ခဲ့လို့လဲ"
"ဒီဒုခိတဘဝကို ဘယ်လိုရောက်ခဲ့ရလဲ မင်းသိလား"
"လိုရင်းကိုပြောပါဗျာ "
"အဲ့နေ့ မင်းမွေ့နေ့ ခရီးအသွားမှာ ကားဘရိတ်ပေါက်ပြီး ချောက်ကမ်းပါပေါ်ကျတာ ဒီခြေထောက်တွေ ဒီလိုဖြစ်သွားတာပဲ မင်းအမေကတော့ ပွဲခြင်းပြီးဆုံးတာ မင်းကအပေါ်က ကျကျန်သွားခဲ့လို အသက်ရှင်ခဲ့တာလေ အဲ့အရာတွေအားလုံး မဟာဖန်တီးခဲ့တာ မင်းကိုခွေးလိုခိုင်းနေတဲ့မဟာက ငါ့သူငယ်ချင်းအရင်းကြီး ငါနောက်ကျောဓားထိုးခံရတာ မင်းအသက်ရှင်နေမလားမျော်လင့်ချက်နဲ့ လိုက်ရှာခဲ့ပါသေးတယ် ဒါမဲ့ငါမတွေ့ဘူးလေ သိသွားတာလဲနောက်ကျသွားပါပြီး မင်းကိုဒုက္ခပေးဖို့မဟုတ်ဘူး မဟာကို ပြိုလဲချင်းရုံပဲ ခုမဟာနဲ့ငါကြား ပြီးသွားပြီး မင်းလည်မင်းဘဝဆက်လျှောက် မင်းအသက်ရှင်နေတာ သိခွင့်ရတာနဲ့ ငါကျေနပ်ပါပြီး သားရယ်။ အဖေပြန်တော့မယ်"
YOU ARE READING
✨ကိုယ့်ရဲ့အလင်းရောင်✨
Romance💕ဒေါ်လှိုင်လှိုင်တတ်💕 "ဖူး သမီးလေးကိုလေ ငါ့သမီးနဲ့မခြားချစ်ပါ့မယ် ငါဂရုစိုက်မယ်သလား နင်စိတ်အေးလက်အေးအနားယူးပါနော် နင်မလုပ်ချင်တဲ့ အလုပ်ကို သီးခံပြီးလုပ်ခဲ့တယ် နင်မကြိုက်တာမို့ နင့်သမီးလေးကို ငါတို့ဘဝလို ဘယ်တော့မှမဖြစ်စေရအောင် ငါကြိုးစားပျိုးထောင်မ...