Uniမိုးက ညက နေ မနက်အထိ တအိအိ နဲ့ ရွာ နေတာမို့ အသင်္ချေ ဇိမ် ကျကျ အိပ်စက်နေလိုက်သည်။အလုပ်ပိတ်ရက် မိုးရွာရင် အသင်္ချေ တို့က အပျော်ဆုံးပါ ။ မနက်စာ လွတ်အောင်ကို အိပ်ပစ်လိုက်အုန်းမည်။ အခု တလော ညဘက် ဘောလုံးပွဲတွေ ရှိနေတာမို့ အိပ်ရေးပျက်နေတာ လည်း ကြာပြီလေ ။ အနှောက်အယှက်ကင်းကင်း နေရအောင် မနေ့ည အိပ်ကတည်းက ပိတ်ထားတဲ့ ဖုန်းကို တောင် ပြန် မဖွင့် ထားပါ ။
"ဒေါက်....ဒေါက် "
"ဆရာ ...ဆရာ "
အခန်း အပြင် ဘက်က တံခါးခေါက်သံနဲ့ အော် သံကြားနေရသည်။ အခန်းတွေ အားလုံးက နီးနေတာ မို့ ကိုယ့် အခန်း တံခါးခေါက်သည်လို့ပင်မထင်ပါ။ ဧည့်သည်လည်း လာမယ့်သူလည်းမရှိတာမို့ အိပ်စက်ခြင်းကို ပြန်လည် အစ ပျိုးလိုက်သည်။
"ဆရာနေ !!!"
"ဆရာနေ !!!"
"ဟင် !!!!ငါ့နာမည် ခေါ်နေတာပဲ "
အသင်္ချေ အိပ်ယာ ထဲက ထကာ ပုဆိုးကို မြဲအောင် ပြန်ဝတ်လိုက်သည်။ အသင်္ချေ က အိမ်မှာဆို အမြဲပုဆိုးဝတ်တတ်သူမို့ အလုပ်ကပြန်လာရင်တောင်ပုဆိုး အရင် လဲရမှ လွတ်လပ်သူမျိုးပါ ။
"ဟမ်!!!"
"ဆရာ ရယ် ကျနော် စိတ်ပူသွားတာပဲ "
"ဘာလို့"
"ကျနော် ဖုန်းဆက်လို့လည်း မရဘူးလေ
အခန်းတံခါးခေါက်တော့လည်း ပြန်မထူးဘူးလေ ""အဲတော့ "
"ကျနော် က ဆရာ့အတွက် မနက်စာ နဲ့ ဟင်းဗူးတွေ လာပို့တာ"
မိုးစက်က အိပ်ချင်မူးတူးဖြစ်နေတဲ့ ဆရာ့ဘေးက ကပ်ပြီး အခန်းထဲဝင်လိုက်သည်။ မဝင်လို့လည်း မရ လက်ထဲမှာ ကိုင်ထားတဲ့ အထုပ်က အကြီးကြီးမို့ပါ ။ လက်တစ်ဖက်ကလည်း ဒုတ်ကောက်ကို ကိုင်ထားရသေးသည်။
အသင်္ချေ လည်းသူ့ဘေးက ကပ်ဝင်သွားတဲ့ မိုးစက်ကို အံသြ မိသည်။ သူ့လည်း ဘယ်သူမှမဝင်ခိုင်းဘဲ သူ့အိမ် သူယာလို လာလုပ်နေတဲ့ကလေးပေါက်စ။ ဒူးက
ဖြင့် လှေခါး အတက်အဆင်း လုပ်ဖို့ အဆင်မပြေသေးတာကို သူ့ဆီလာပြီး ဘာလာလုပ်တယ်မသိပါ။
YOU ARE READING
A Chit Lay (ACL) [Completed]
Romanceမင်းနဲ့ငါနဲ့ ဘာလိုမှမဆုံနိုင်တဲ့ မျဥ်းပြိုင်နှစ်ကြောင်း မဖြစ်နိုင်မှန်းသိရက်နဲ့ရှေ့ဆက်မတိုးချင်နဲ့ ကလေးက ကလေးလိုနေစမ်းပါ နေအသင်္ချေ ကျနော့ရဲ့ ပန်းတိုင်ဟာ ဆရာပဲမို့ ကျနော် ရောက်အောင်လာခဲ့မယ် ကျနော်နဲ့ ဝေးရာကို ဘယ်လောက်သွားသွား ကျ...