Uni
📞Hello ကျနော် နေအသင်္ချေပါ
ဗျာ......ည ၁၁ နာရီလောက်မှာ ဖုန်းဆက်ပြီးရဲစခန်းက အကြောင်းကြားလာ၏။ club မှာ ရန်ဖြစ်ပြီး ကလေးက ရဲစခန်း ရောက်နေတဲ့အတွက် အုပ်ထိန်း သူကိုယ်တိုင်လာထုတ်ပါတဲ့ ။
"ကျစ်!!!!!
ဘာလည်းကွာ "အသင်္ချေရဲစခန်းရောက်တော့ လက်မှတ် ထိုးပြီး ကလေးကို အိမ်ပြန်ခေါ်လာလိုက်သည်။ တစ်လမ်းလုံးစိတ်ဆိုးလွန်းလို့စကားတစ်လုံးမှမပြောဘဲ အိမ်ရောက်လာခဲ့သည်။ သူ့ကို ဖုန်းဆက်ပြီးပြောတာကတော့ သူငယ်ချင်းတွေနဲ့ dinner ရှိလို့ အိမ်လာမအိပ်တော့ဘူးလို့ပဲ ပြောသွားတာပါ ။ အခုကြမှ club မှာ ရန်ဖြစ်ပြီး ရဲစခန်းရောက်သွားတဲ့အထိပါ။ လူကိုကြည့်လိုက်တော့ဘာမှထိ ခိုက်မှုမရှိပါ။ရန် ဖြစ်တာက မိုးစက်တို့ ခံမလာရဘဲ တဖက်က ခံရတာမို့ အသင်္ချေ တောင်းပန်ပြီးလျှော်ကြေးပေးခဲ့ရသည်။ပြသနာက ကြီးသွားလို့မဖြစ်ပါ။ကလေးကလုပ်ငန်း စု CEO ဖြစ်နေတာမို့ သူ့နာမည်ထွက်လာလို့မဖြစ်ပါ။ အသင်္ချေက ရဲစခန်းမှာ ခံရတဲ့ဘက်ကိုတော်တော်တောင်း ပန်လိုက်ရသည်။
"ကိုကို
ကလေးက..... ""ပြောပါအုန်း မင်းငါ့ကိုပြောသွားတုန်းက club ဆိုတာပါလား "
"ကိုကို့ ကလေးသူငယ်ချင်းတွေက "
"မင်းက ကလေးလား
ဘာရာထူးလည်း
Club သွားတာ ငါမပြောဘူး
ဘာလို့ရန်ဖြစ်လာတာလဲ ""ကိုကိုကလည်း
ဟင့်..... ""မငိုနဲ့ ဘယ်သူကမှားလည်းသေချာ စဥ်းစား
ငါတဖက်ကို ဘယ်လောက်တောင်းပန်လိုက်ရလဲသိလား""အူးးးဝါးးး"
"တိတ်!!! ကလေးလို လာငို မနေနဲ့
ဒီလို club သွားမယ် ရန်ဖြစ်မယ်ဆို
ငါ့အိမ်လာမနေနဲ့ "အသင်္ချေ စိတ်ဆိုးလွန်းလို့ မိုးစက်ငိုသွားအောင် ရက်ရက်စက်စက်တွေ ပြောပစ် လိုက်သည်။ မပြောလို့လည်းမရပါ ။ သူ့မိဘတွေကကိုယ့်ကိုအပ်ထားတာ ။ တစ် ခုခုဆို အသင်္ချေက အကြီးဖြစ်ပြီးမကောင်းဖြစ်တော့မည်။
CZYTASZ
A Chit Lay (ACL) [Completed]
Romansမင်းနဲ့ငါနဲ့ ဘာလိုမှမဆုံနိုင်တဲ့ မျဥ်းပြိုင်နှစ်ကြောင်း မဖြစ်နိုင်မှန်းသိရက်နဲ့ရှေ့ဆက်မတိုးချင်နဲ့ ကလေးက ကလေးလိုနေစမ်းပါ နေအသင်္ချေ ကျနော့ရဲ့ ပန်းတိုင်ဟာ ဆရာပဲမို့ ကျနော် ရောက်အောင်လာခဲ့မယ် ကျနော်နဲ့ ဝေးရာကို ဘယ်လောက်သွားသွား ကျ...