Uni
"ဆရာနေ !!!
ကျနော် အိမ်ပြန်မယ် ""ဟာာ "
အသင်္ချေအကြီးအကျယ်ဒုက္ခရောက်နေတာတော့သူ့ကြောင့်ကလေးစိတ်ဆိုးပြီး အိမ်ပြန်မယ်ဆိုတာကြီးပြောနေ၏။ အဖေကလည်း ဒီရက်ပိုင်း သူ့ရွှေတွင်းတွေကြောင့် အိမ်ခဏပြန်သွား၏။ အဖေရှိတယ်ဆိုရင် ကလေးက အဲ့လောက် အပြောရမခက်ပါဘူး။ သူကသာ မချော့တတ်တာ အဖေက ချော့တတ်တာမို့ပါ ။
📞Hello ကိုအာကာ ကျနော့်ကို လာခေါ်ပေး
ကိုကိုကလိုက်မပို့ဘဲသူ့ကို ချော့ပြီးဆေးခန်းသွားတာမို့ကိုကို မရှိတုန်း အိမ်ပြန်ဖို့ဆုံးဖြတ်လိုက်၏။ ကိုကို့ကို စိတ်ဆိုးတာ အကြောင်းကတော့ သူတို့ အိမ်အထိ ရောက်လာတဲ့ ဆေးကုမ္ပဏီက မန်နေဂျာမလေးကြောင့်ဖြစ်၏။ အရမ်းချောမော လှပပြီး သူ့ထက်တောင် ငယ်သေးတဲ့ကောင်မလေးကို ဘယ်အချိန်အလုပ်ခန့်လိုက်သည်မသိပါ ။ အခုတော့ အိမ်လာပြီး စာရင်းတွေ စစ်မှသာ သိလိုက်ရတာကြောင့် မိုးစက်ဘယ်လိုမှ မကျေနပ် နိုင်ပါ ။ ကိုကိုတော့ ထုံးစံအတိုင်း သူမှန်တယ်ပေါ့ ။
"ကို စက် ကျနော် ဘာတွေ သယ်ပေးရမလဲ"
"ရတယ် ကိုအာကာ
ဘာမှမယူဘူး သူဝယ်ပေးထားတာတွေ လည်း မလို ချင်တော့ဘူး "ကိုအာကာကကိုစက်ကိုကြည့်ပြီးပြုံးမိလိုက်သ ည်။ မကြာခင် ပြန်မယ်ဆိုတဲ့သဘောတွေ တွေ့နေရတာကြောင့်ပါ ။ ဘာပစ္စည်းမှမသယ်ဘူးဆိုတော့ သူလည်း သိသင့်သလောက် သိပါ၏။ ကိုစက်ဆိုတာ အငယ်လေးထဲက ထိမ်းလာတဲ့သူမို့ပါ ။ ဆရာနေတစ်ယောက်ထဲပဲ ချစ်ခဲ့ပြီး ဆရာနေနဲ့ပဲ အဆုံးသတ်ခဲ့တဲ့ သူမို့ပါ ။
"ကလေးရေ!!!
ကလေးလေး ""ကြီးကြီး ကလေးကော "
"သူ့အိမ်ပြန်သွားတယ်
ငိုနေတယ် သားနေ
ဘာဖြစ်ကြတာလဲ""ဗျာ !!"
အသင်္ချေလည်းကြီးကြီးကိုနှုတ်ဆက်ကာကလေးနောက်လိုက်သွားရ၏။ ကလေးက တကယ်ကိုစိုးလာတာပါ။ဟော်မုန်းအပြောင်းအလဲကြောင့်မို့ အတတ်နိုင်ဆုံး ကလေးကို အချော့ပေးပြီးသားပါ ။ဒါပေမယ့် ကလေး ရဲ့ ကိုယ်ဝန်ဆောင်နေရတဲ့အချိန် စိတ်အားငယ်မှုက ပိုစိုးလာတာမို့ သူလည်း စိုးရိမ်မိလာတော့သည်။
ESTÁS LEYENDO
A Chit Lay (ACL) [Completed]
Romanceမင်းနဲ့ငါနဲ့ ဘာလိုမှမဆုံနိုင်တဲ့ မျဥ်းပြိုင်နှစ်ကြောင်း မဖြစ်နိုင်မှန်းသိရက်နဲ့ရှေ့ဆက်မတိုးချင်နဲ့ ကလေးက ကလေးလိုနေစမ်းပါ နေအသင်္ချေ ကျနော့ရဲ့ ပန်းတိုင်ဟာ ဆရာပဲမို့ ကျနော် ရောက်အောင်လာခဲ့မယ် ကျနော်နဲ့ ဝေးရာကို ဘယ်လောက်သွားသွား ကျ...