Uni
"ကိုကို!!! ကလေး အလုပ်ကိစ္စ အရေးပေါ်ရှိလို့ နေပြည်တော် သွားရမှာ "
"ကိုကို လိုက်ခဲ့မယ် ကလေးတစ်ယောက်ထဲ စိတ်မချပါဘူးကွာ"
"တစ်ည အိပ်ထဲပါ ကိုကိုရယ်"
"မရဘူးကွာ
တစ်ယောက်ထဲမသွားရဘူးဆို
မသွားရဘူး"ကိုကိုက လက်ထပ်ခွင့်တောင်းပြီးထဲက မိုးစက်ကို ကော်လိုလိုက်ကပ်နေတော့ သည်။ဘာလုပ်လုပ် မိုးစက်နားမှာ ကပ်လိုက်နေတော့သည်။ သူ့အလုပ်တွေလည်းလုပ်နေသလို မိုးစက် စာရင်းတွေ အားလုံးလည်း ကူလုပ်ပေးနေသေးသည်။ မိုးစက်ကို ရှယ် plan နဲ့ကိုဂရုစိုက်နေတာမို့ ကိုကို့ ကို အားတောင်နာနေရသည်။
အခုလည်း ပြောရင်းဆိုရင်းက ဘယ်ရောက်သွားမှန်းမသိပါ။ တခုခု ဆို သူစိတ်ကြည့်ပဲ ။ သူမကြိုက်တာဆို လုံးဝကို မလုပ်ရတော့တာပါ။ မိုးစက်က သား အိမ်ထည့်ထားတာမို့အမှားအယွန်းအ ဖြစ် မခံနိုင်တာလို့ ကိုကို ပြောတာပါပဲ ။
"ကလေးရေ ညစာ စားရအောင် "
"......."
"ကလေး !!!!
ဟာာာ!!! ဘယ်ရောက်သွားပြန်တာလဲ"မိုးစက်လည်း ကိုကို့ကိုပြောမရတဲ့အဆုံး နေပြည်တော် ခေါ်သွားဖို့ ဆုံးဖြတ်ကာ luggage ထည့်နေရသည်။ ဒီတခါက ဖေကြီးတို့မေကြီးတို့အိမ်မှာ မတည်းဖြစ်တာမို့နှစ်ယောက်စာအဝတ်အစားတွေတစ်အိတ်ထဲထည့်ထားလိုက်သည်။ မိုးစက် သွားမှာက သူ့စိတ်တိုင်းကျ ဆောက်ထားတဲ့ eco resort ၉၀ရာခိုင်နှုန်းပြီးစီးနေပြီမို့ဖွင့်ပွဲအတွက် သွားပြီးလို အပ်တာများမှာကြားဖို့ပဲဖြစ်ပါသည် ။ ကိုကို့ မွေးနေ့အမီ grand opening လုပ်နိုင်ဖို့ သူအသဲအသန်ကြိုးစားထားတာပါ။ ဒီ eco resort က ကိုကို့ ရှယ်ယာ အများဆုံးမို့ ဖွင့်ပွဲကို ကိုကို့မွေးနေ့မှာ လုပ်ပေးမှာပါ။ ကိုကိုက သူမသိအောင် ရှယ်ယာတွေထည့်နေပေမယ့် CEO တစ်ယောက်အနေနဲ့ သူမသိစရာ အကြောင်းမရှိဘူးလေ ။
"အော် ....ဒီမှာပဲ ကလေးလေးညစာ စားမလို့လေ
ဘာတွေလုပ်နေတာလဲ "
VOUS LISEZ
A Chit Lay (ACL) [Completed]
Roman d'amourမင်းနဲ့ငါနဲ့ ဘာလိုမှမဆုံနိုင်တဲ့ မျဥ်းပြိုင်နှစ်ကြောင်း မဖြစ်နိုင်မှန်းသိရက်နဲ့ရှေ့ဆက်မတိုးချင်နဲ့ ကလေးက ကလေးလိုနေစမ်းပါ နေအသင်္ချေ ကျနော့ရဲ့ ပန်းတိုင်ဟာ ဆရာပဲမို့ ကျနော် ရောက်အောင်လာခဲ့မယ် ကျနော်နဲ့ ဝေးရာကို ဘယ်လောက်သွားသွား ကျ...