Uni
"ကလေး ကိုကို ဒီနေ့ ခရီးထွက်စရာရှိလို့ luggage ပြင်ပေးအုန်း "
ရေချိုးခန်းကထွက်လာတဲ့ကိုကိုရုတ်တ ရက်ကြီးပြောလိုက်တာမို့ မိုးစက်စိတ်ထဲမှာတော်တော်နေလို့မကောင်းပါ ။ မနေ့ညကလည်းဘာမှမပြောဘဲမနက်ကြမှ သူ့သဘောနဲ့သူအမြဲတမ်းအဲ့လိုလုပ်တတ်တာပါ ။ မိုးစက်ဆိုသူဘာလုပ်မယ်ဆိုတဲ့ plan တောင် ကိုကို့ ကို အသိပေးတတ်ပေမယ့်ကိုကိုကတော့သူ့သဘောသူဆောင်နေတာမို့ ပါ။ မိုးစက်ကကိုကိုအတွက်အရေးမပါသလိုခံ စားနေရ၏။
"ကိုကိုက ဘာမှလည်းကြိုမပြောဘူး "
"ဟုတ်တယ်ကလေး ၁ပတ်လောက်ကြာမှာ "
"ကလေးကို မလိုက်စေချင်လို့ ကြိုမပြောတာမို့လား ရပါတယ် "
"မဟုတ်ဘူး ကလေး ကိုကို က ..."
မိုးစက် ကိုကို့အတွက် luggageပြင်ပေး လိုက်သလို သူ့အတွက်ပါ luggage ပြင်လိုက်သည်။ကိုကိုမရှိတဲ့အိမ်မှာတစ်ပတ် လုံးနေဖို့ကလုံးဝမဖြစ်နိုင်ပါ။
"ရပြီကိုကို "
"အင် ဒီတစ်လုံးက "
"ကလေးအတွက်လေ ကိုယ့်အိမ်ကိုယ် ပြန်အုန်းမယ်လေ
အိမ်စောင့်နတ် မှတ်မိအောင် "မိုးစက်ကိုကို့ကိုပြောလိုက်ပြီးကိုအာကာ့ကိုလာခေါ်ဖို့ ဖုန်းဆက်လိုက်သည်။ ဒီတခါတော့ ကိုကို့ကို တအားတင်းတယ် သူ့ကို ဘာမှ မတိုင်ပင်ဘဲ အထက်မြန်မာပြည်က ရုံးခွဲတွေ သွားစစ်မှာတဲ့ မင်းမင်းကော ကား driver ကော ပါသည်။ ကားနဲ့ တစ်နိုင်ငံလုံးပတ်မယ်ပေါ့ ။မညာတမ်းပြောရရင် သူလည်းလိုက်ချင်တာပေါ့ ။ သူ့ကြတော့ဘာမှမပြောတာကြီးကို စိတ်အဆိုးဆုံးပါ ။
ကိုကိုက ခရီးထွက်မှာမို့ style pants နဲ့ polo shirt အစင်းကြားလေး ဝတ်ထားတာက တစ်မျိုးလေးကြည့်လို့ကောင်းနေပြန်သည်။ ဆံပင်ကိုလည်း hair coat လိမ်းပြီးဖြီးထားတာသပ်ရပ်လွန်းလှ၏။ မိုးစက် ကြည့်ရင်းနဲ့ သဝန်တိုလာတော့ သည်။သူနဲ့သွားရင် တော့ အဖိုးကြီးပေါက် စလို ပုဆိုးကြီးနဲ့အခုတော့ အရမ်းတွေကိုစမတ်တွေကြလို့စီးဖို့ဖိနပ်တောင် lv loafer shoes အညိုရောင်လေးထုတ် ထားသည်။ မိုးစက်ကြည့်နေရင်းမခံစားနိုင်တော့လို့ အောက်ထပ်ဆင်းလာလိုက်သည်။ ကိုကိုက luggage နှစ်ခုလုံးဆွဲကာ ဆင်းလာ၏။
YOU ARE READING
A Chit Lay (ACL) [Completed]
Romanceမင်းနဲ့ငါနဲ့ ဘာလိုမှမဆုံနိုင်တဲ့ မျဥ်းပြိုင်နှစ်ကြောင်း မဖြစ်နိုင်မှန်းသိရက်နဲ့ရှေ့ဆက်မတိုးချင်နဲ့ ကလေးက ကလေးလိုနေစမ်းပါ နေအသင်္ချေ ကျနော့ရဲ့ ပန်းတိုင်ဟာ ဆရာပဲမို့ ကျနော် ရောက်အောင်လာခဲ့မယ် ကျနော်နဲ့ ဝေးရာကို ဘယ်လောက်သွားသွား ကျ...