Part 26 (Uni+Zawgyi)

2.5K 94 22
                                    

Uni

"က​လေး လေး
ဘာဖြစ်တာလည်း "

"ဘာမှ မဖြစ်ပါဘူး "

"ကိုကိုက ခဏ​လေးပဲသွားမှာ​လေ "

အသင်္ချေအလုပ်ကိစ္စဖြင့်ဂျပန်ကိုခရီးခဏသွားမည်ကိုက​လေးကစိတ်မ​ကောင်းဖြစ်​နေ​တော့ သည်။က​လေးနဲ့စေ့စပ်ပြီးက​လေးရဲ့စိတ်ဆိုးစိတ်​ကောက်မှု့ကပိုဆိုးလာ​တော့သည်။ အရင်ကနဲ့မတူ သဝန်လည်းအရမ်းတိုတတ်လာ​တော့ သည်။ အရင်ကလိုမဟုတ်​တောဘဲအသင်္ချေအရမ်း​ချော့​နေရသည်။

"က​လေး​ကော လိုက်ခဲ့ကွာ
အဲ့လိုပုံစံနဲ့ ကိုကို ထားခဲ့ရမှာစိတ်မချဘူး"

"ရတယ်ကိုကို စိတ်​အေးလက်​အေးသွားပါ
ကိုကို့အတွက် business class စီစဥ်ထားတယ် ကိုအာကာ လက်မှတ်လက်​ပေးလိမ့်မယ် "

က​လေးကရတယ်သာပြော​နေတာည​နေစာစား​တော့လည်း စိတ်မပါ လက်မပါ နည်းနည်းသာ စား​နေသည်။ အသင်္ချေ စိတ်မ​ကောင်းခြင်းများစွာဖြင့်အဝတ်အစား​တွေ luggage ထဲထည့်​ပေး​နေတဲ့က​လေးကိုဘေးကကြည့်ကာ စ​နေမိ​တော့ သည်။

"က​လေး​​လေး
ကိုကို မုန့်ဖိုး​ပေးမယ်​လေ
​ရော့ယူထား "

"ရပါတယ်
ကိုကိုကလည်း "

"က​လေးကကိုကို့ကိုတစိမ်းဆန်တာလား "

"မဟုတ်ပါဘူး "

"ကိုကိုရှာ​နေတာ​တွေက က​လေးအတွက်ပဲ​လေ "

ကိုကိုကခရီးထွက်မှာကိုမုန့်ဖိုး​တွေပေးပြီး​ချော့​နေတာမို့ မိုးစက်သ​ဘောကျမိ​နေတာ​တော့အမှန်ပါ။ မိုးစက်လည်း ကိုယ့်ကိုကိုယ်ဘာလုပ်မယ်မှန်းမသိပါ ။ ကိုကိုနဲ့ ၁ပတ်​လောက်ခွဲရမယ်ဆိုတာကြီးက သူ့အတွက်အဆင်​ပြေမ​နေပါ။သူလိုက်သွားဖို့ကြ​တော့လည်းသူ့ကုမ္ပဏီအလုပ်​တွေအရမ်းများ​ နေတာမို့ လိုက်ဖို့မဖြစ်နိုင်ပါ။

"က​လေး​လေး အိပ်မ​ပျော်ဘူးလား
ကိုကိုချော့သိပ်မယ် "

က​လေး​လေးကို ရင်ခွင်ထဲထည့်ပြီး အနမ်း​တွေနဲ့ ​​ချော့သိပ်လိုက်သည်။ လက်ကလည်းက​လေး ချယ်ရီသီး​လေး​တွေကို ၁ပတ်​လောက်ခွဲရမှာ​မို့မလွှတ်တမ်းကိုင်​နေမိသည်။

A Chit Lay (ACL) [Completed]Tempat cerita menjadi hidup. Temukan sekarang