Part 48 (Uni+Zawgyi) Extra 3

1.6K 53 8
                                    

Uni

"မမ !!!
တူမ​လေး !!"

မမနဲ့ တူမ​လေး ကူးကူးက မိုးစက်တို့ဆီ အိမ်လာလည်တာပါ ။ မိုးစက်က ​မွေးခါနီးပြီမို့ ကိုကိုက အိမ်ထဲကအိမ်ပြင်တောင်မထွက်ခိုင်းပါ။မိုးစက်ကိုလည်း အရိပ်လို ကြည့်​နေပြီးသူလည်း ​ဆေးခန်း​တောင် သွားမထိုင်​တော့ပါ ။ အနီးကပ် ​စောင့်​ရှောက်​နေတာ​ပေါ့ ။တ​​နေကုန် ထမင်းစားချိန် ၊ မုန့်စားချိန်၊ လမ်း​လျှောက်ချိန် ၊ အိမ်ချိန် အားလုံးကို သူ့ဟာနဲ့သူ အချိန်စာရင်းနဲ့ပါ ။ ပြီး​တော့လည်း မိုးစက်ကို ကိုယ်တိုင် ကိုယ်ကျ ​ရေချိုး​ပေးတဲ့အပြင် အိမ်မှာလည်း ပါချုပ်ဆရာ​တော်ဘုရားကြီး တရား​တော်ကို အမြဲတမ်းဖွင့်ပြီးနာခိုင်းတတ်၏။ ကိုကို ကိုယ်တိုင်ကလည်း မိုးစက်နဲ့ ​ကော်နဲ့ကပ်ထားသလို ​နေတတ်ပါသည်။

"မ​မေ​လေး
​အေး​ဆေးမှပြန်ပါ
က​လေးက ပျင်း​နေတာ "

​"အေး​​အေး​ဆေး​ဆေး​နေမှာ ကို​နေ
​မောင်​လေးဆီသက်သက်လာတာ "

​"ကျေးဇူးပါဗျာ "

အသင်္ချေ အရမ်း​ပျော်သွားတာက​​တော့ မ​မေ​လေး နဲ့ ​မေကြီးက အလှည့်ကျ က​လေးမ​​မွေးမချင်း လာမယ်ဆိုတာပါ ​ပြောတာမို့ပါ ။ သူတို့ကလည်း သူတို့ သား​လေး ကို စိတ်ပူလို့​နေမှာပါ ။ က​လေးကလည်း အဲ့လို ဧည့်သည်လာရင်​​ပျော်တာမို့ အရမ်းစိတ်ချမ်းသာသွားတာပါ ။ က​လေးစိတ်ချမ်းသာရင်သူလည်း စိတ်ချမ်းသာတာမို့ပါ ။

"မီးမီး​လေး !!
ဦးဗိုက်ထဲက ​မောင်​လေးကို ချစ်မှာလား"

"ချစ်မှာ​ပေါ့ ဦးစက်ရဲ့ မီးမီးက ​မောင်​လေးကို ထိမ်းမှာ​နော် ဦးစက် "

"လာ မီးမီး
ဦး​နေဆီ
ဦးစက်က မီးမီးကို ချီလို့မရလို့ "

"ဟုတ်ဦး​နေ
ဦး​နေက ​ချောတယ်​နော် "

"ဟာာ...ရွှတ် ဒါမှ ငါ့မီးမီး​လေးကွ"

မိုးစက်နဲ့ ကိုကိုအတူ မီးမီးကို ထိမ်းရင်း စကား​ပြော​နေလိုက်၏။ မီးမီးကလည်း တီတီတာတာ ​တွေ​​ပြောနေတာမို့ အရမ်းချစ်ဖို့​ကောင်း၏။ ကိုကို ကလည်း သမီး​လေး တစ်​ယောက် လိုချင်​နေ​သေးသည့်ပုံ​​ပေါ်​နေ၏။

A Chit Lay (ACL) [Completed]Où les histoires vivent. Découvrez maintenant