Uni
"ဆရာနေ ...
ဆရာနေ ...""အမ်!!!!ဦးလေးကြီး "
"ဟုတ်ဧည့်သည်က ဆရာ့အခန်း လိုက်ပို့ခိုင်းလို့ "
စနေနေ့ ပိတ်ရက်မို့ အသင်္ချေ အေးရာအေးကြောင်း နေ့လည်စာ ချက်နေချိန်တွင် security ဦးလေးကြီးက ဧည့်သည် ခေါ်လာခဲ့သည်။ ဧည့်သည်ကို ကြည့်လိုက်တော့မှ မိုးစက် အမေ ဖြစ်နေလေ၏။
"လာပါ အန်တီ
အထဲ ဝင်ပါ "လှပ ကျော့ရှင်းသော ခေတ်ဆန်ဆန် အမျိုးသမီး တစ်ယောက်မို့ အသင်္ချေ နဲ့ရွယ်တူတောင် ထင်ရလောက်အောင် နုပျိုနေ၏ ။ ဆေးရုံမှာ တွေ့ဖူးနေတာမို့ ရင်းရင်းနှီးနှီးသာ အခန်းထဲခေါ်လိုက်သည်။ သူ့အခန်းက ထိုင်စရာ ခုံ မရှိတာမို့ ထမင်းစား စားပွဲဆီ သို့ ဦးတည် လိုက်ရသည်။
"ထိုင်ပါ အန်တီ "
"မထိုင်တော့ပါဘူး ဆရာ
ပြောစရာ ရှိလို့ လာခဲ့တာပါ "ဧည့်ခန်းတွင် မတ်တပ်ရပ်ပြီး အသင်္ချေ့ကို မျက်စိတစ်ဆုံးကြည့်နေလေသည်။ ပြောရရင်တော့ အထင်သေးတဲ့ အကြည့်နဲ့ ကြည့်နေတာ ပေါ့။
"ပြောပါ အန်တီ လာရင်းကိစ္စ "
"အန်တီ့သားလေးကို မလှည့်စားပါနဲ့
ဆရာ ပိုက်ဆံဘယ်လောက်လိုချင်လဲ ""ဘာာာာ!!!"
အသင်္ချေ မိုးမီးလောင်တာထက်တောင် ဒေါသ အကြီးအကျယ် ထွက်သွားလေသည်။ အသင်္ချေ့ကို အထက်စီးဆန်ဆန် ကြည့်ပြီး သူ့သားနဲ့ မပါတ်သက်ဖို့တွေကြည့် ပြောနေ၏။ သူမ ဘာတွေပြောမှန်း နားမလည်ပါ ။ အသင်္ချေ ဒေါသ ထွက်တာက ပိုက်ဆံ အကြောင်းပါလာလို့ပါ ။ သူအမုန်းဆုံး ပိုက်ဆံ က သူ့ မာန ကို စော်ကားနေပြန်သည်။ သူနားမလည်တဲ့ စွပ်ဆွဲချက်တွေကို နားထောင်ရင်း သွေးတွေဆူပွတ်လာတော့သည်။
"အန်တီ ပြောတာတွေ နားမလည်လို့ တစ်ခေါက်လောက်ပြန်ပြောပါအုန်း "
"အန်တီ့သားနဲ့ ဝေးဝေးနေပေးပါ"
"ဘာာာ !!!!
ကျုပ်နဲ့ ခင်ဗျားသားက ဘာဆိုင်လို့ ဒီလိုတွေ လာစော်ကားနေတာလဲ "
ESTÁS LEYENDO
A Chit Lay (ACL) [Completed]
Romanceမင်းနဲ့ငါနဲ့ ဘာလိုမှမဆုံနိုင်တဲ့ မျဥ်းပြိုင်နှစ်ကြောင်း မဖြစ်နိုင်မှန်းသိရက်နဲ့ရှေ့ဆက်မတိုးချင်နဲ့ ကလေးက ကလေးလိုနေစမ်းပါ နေအသင်္ချေ ကျနော့ရဲ့ ပန်းတိုင်ဟာ ဆရာပဲမို့ ကျနော် ရောက်အောင်လာခဲ့မယ် ကျနော်နဲ့ ဝေးရာကို ဘယ်လောက်သွားသွား ကျ...