Uni
"အချေကောင် နင်အခုတလော ဘာဖြစ်နေတာလဲ ဖုန်းတကြည့်ကြည့်နဲ့" (ယုယ)
"ကလေးပေါ့ဟာ "(အသင်္ချေ)
အသင်္ချေ ဆေးခန်းထိုင်ရင် ဖုန်းလုံးဝထုတ်မကြည့်တတ်ပါဘူး။ဒါပေမယ့် အခုတလော ကလေးကြောင့်အမြဲဖုန်းထုတ်ကြည့်ဖြစ်နေရသည်။ ကလေးကအခုတလော အလုပ်တွေနောက်ကျမှ ပြီးတတ်တာမို့ပါ။ မနက်ဆိုလည်း အစောကြီးထသွားပြီးညဆိုလည်းနောက်ကျမှ ပြန်လာတတ်တာမို့ ကလေးနဲ့မျက်နှာချင်းမဆိုင်ရတာတောင် ၁၀ရက်လောက်ရှိနေပါပြီ။အလုပ်လုပ်တာကို မပြောချင်ပေမယ့် လွန်လွန်ကြူးကြူး လုပ်နေတာကတော့ သူ့အတွက်အဆင်ပြေမနေပါဘူး။ လော ဘတွေကြီးမနေနဲ့ ပြောရင်လည်း ဒေါသကထွက်အုန်းမှာမို့ မပြောဘဲထားလိုက်တာက ပိုပို ဆိုးနေတော့သည်။
"နင်ကလည်း မောင်လေးက ကြိုးစားနေတာကို ဘာဖြစ်နေတာလဲ "(ယုယ)
"အေးလေ ငနေရယ် နင်ဆိုသည်မှာလည်း " (အမှီ)
"နင်ကလည်း ငါတို့က ချစ်သူတွေဟ
အတူတူ ပျော်ချင်သေးတာပေါ့
နင်တို့ကိုပြောလဲသိမှာ မဟုတ်ပါဘူး "(အသင်္ချေ)"သေနာ ငါတို့က အကောင်းပြောတာကို "(ယုယ)
"ဟုတ်ပ မောင်လေးကို သိပ်မရစ်နဲ့ဟိုကအသစ်ရှာသွားလို့ ကျန်ရစ်ဖြစ်နေမယ် "(အမှီ)
သူငယ်ချင်းမနှစ်ယောက်ရဲ့ဝိုင်းသမမှုကိုကောင်း ကောင်းခံလိုက်ရ၏။ သူပြောတာလည်း မမှားဘူးလေ ။ ချစ်သူတွေဆိုတာ ကြည်ကြည်နူးနူးတစ်တီတူးချင်တာပေါ့လေ ။ အပျိုကြီးတွေကမသိဘဲလာပြောနေတာမို့အသင်္ချေစိတ်ဆိုးရသည်။ ကလေးနဲ့ထမင်းအတူမစားရတာတောင် ကြာနေပြီလေ ။သူ့ကိုပစ်ထားတဲ့ကလေးပေါက်စကို စိတ်မဆိုးချင်တာမို့ မပြောဘဲထားပေမယ့် ရင်ထဲက အလိုမပြည့်မှု့များကိုတော့သီးမခံနိုင်ဘူးလေ ။
ဆေးခန်းက ပြန်ရောက်ပြီး အိမ်ရောက်တော့လည်း တစ်ယောက်ထဲပျင်းခြောက်ခြောက်ရယ်ပါ ။ သူ့ဘဝသူတောင် သနားလာတော့သည်။ ညစာလည်း မစားချင်တာမို့ ရေခဲသေတ္တာ ထဲက beer ၃ဗူးကို အာလူးကြော်ထုပ်နဲ့မြည်းကာ ဇိမ်ခံနေလိုက်သည်။ ကလေးကအရက်တွေ ၊ beer တွေသောက်တာ မကြိုက်ပေမယ့် အဖော်မဲ့နေတော့အရက်ကိုအဖော်ပြုရတာလေ ။ ကလေးကမှ အဖော်ပြုမပေးတာ ။ သူလည်းသူကြိုက်တာ သူလုပ် ကိုယ်လည်း ကိုယ်ကြိုက်တာ ကိုယ်လုပ်ဖို့ တွေးရင်း TV က လာတဲ့ world cup ပွဲကြည့်ကာအပျင်းဖြေလိုက်တော့သည်။
YOU ARE READING
A Chit Lay (ACL) [Completed]
Romanceမင်းနဲ့ငါနဲ့ ဘာလိုမှမဆုံနိုင်တဲ့ မျဥ်းပြိုင်နှစ်ကြောင်း မဖြစ်နိုင်မှန်းသိရက်နဲ့ရှေ့ဆက်မတိုးချင်နဲ့ ကလေးက ကလေးလိုနေစမ်းပါ နေအသင်္ချေ ကျနော့ရဲ့ ပန်းတိုင်ဟာ ဆရာပဲမို့ ကျနော် ရောက်အောင်လာခဲ့မယ် ကျနော်နဲ့ ဝေးရာကို ဘယ်လောက်သွားသွား ကျ...