Part 40 (Uni+Zawgyi)

3.2K 113 8
                                    

Uni

"မမ !!!
ဝါးးးး တူမ​လေး အရမ်းထွားလာပြီ​လေ "

ဒီ​နေ့ မမတို့ မိသားစု ရန်ကုန် အိမ်ကို ​ရောက်​​နေတာမို့ မိုးစက်နဲ့ကိုကို သွားပြီး ​တွေ့တာဖြစ်၏။ တူမ ​လေးက မ​တွေ့ရတဲ့ အ​တောအတွင်း ​တော်​တော်​လေးကို ထွားလာ​တော့သည်။ ဝတုတ်တစ်တိုပြီး ချစ်စရာ ၊ ကိုက်ချင်စရာကြီးပါ ။ မိုးစက်ရဲ့အသဲ​ကျော်တူမ​လေး က မိုးစက်လည်း မြင်​ရော အမျိုးမှန်းသိပြီး ပြုံးပြ​နေပြန်​တော့သည်။

"သမီး​ရေ ကူးကူး​လေး ဦးစက်ဆီကိုလာ"

​​"မောင်​လေး!!!!
နင်ခွဲထားတာ က​လေးချီလို့မရဘူး​လေ"

မိုးစက်လည်း သူ့ကိုပြုံးပြ​နေတဲ့တူမ​လေးကို ​ကောက်ချီလိုက်တာ မမရဲ့အာမဋိတ်သံအကျယ်ကြီးဖြင့် လှမ်းတားခြင်းခံလိုက်ရသည်။ ဧည့်ခန်းထဲမှာ ကိုကိုလည်းရှိ​နေတာမို့ ဘာလည်းဆိုတဲ့ သ​ဘောဖြင့်ကိုကိုက တချက်လှမ်းကြည့်လိုက်​၏။ မိုးစက်လည်း ပြသနာစ​တော့မယ်ဆိုတာ သိတာမို့ ချက်ချင်း ကိုကို့ကို လှည့်ကာ ရယ်ပြ​ပေမယ့် ကိုကိုက ရုတ်တရက်ကြီး တည်တံသွား​တော့သ ည် ။ မိုးစက် ဘာဆင်​ခြေ​ပေးရမလဲစဥ်းစား​နေတုန်း မမကလည်း သ​ဘော​ပေါက်သွားပြီး ကိုကို့ကို စကား​တွေ ​ရေပတ်မဝင်​အောင်​ပြော​​နေ​တော့ သည်။ ကိုကိုဆိုတာက မမနဲ့သာပြုံးရယ်ပြီး​ပြော​​ နေ​ပေမယ့်မိုးစက်ကို​တော့သိသိသာသာအေးစက် သွား​တော့သည်။

"ကို​နေ ညစာ စားပြီးမှပြန်​လေ "

"ရတယ် မ​မေ​လေးက က​လေးတဖက်နဲ့ ကျ​နော်တို့က ကိစ္စမရှိဘူး"

"ကိုပိုင်​ကောမမ "

"သူ့ ကုမ္ပဏီရန်ကုန်မှာတိုးချဲ့ဖို့ လုပ်​နေတယ် "

"ဝါးးး မမနဲ့တူမ​လေးတို့ ရန်ကုန်​ပြောင်းလာ​တော့မှာ​ပေါ့ "

"အပြီး​တော့ မ​ပြောင်းပါဘူး ခဏခဏ​တော့ ​ရောက်ဖြစ်လိမ့်မယ် "

သူ့တူမ​လေးကိုတွေ့ချင်တာမို့မိုးစက်တစ်​ယောက် မမတို့ မိသားစုကိုရန်ကုန်​ပြောင်း​စေချင်တာပါ။ က​လေး​​လေးနဲ့ဆိုနေရတာ လည်း ​ပျော်ဖို့​ကောင်းတယ်​လေ ။

A Chit Lay (ACL) [Completed]Where stories live. Discover now