Uni
"ကိုကို့ ဒီနေ့ကလေးအိမ်ပြန် အိပ်ရမှာ "
"ဘာလို့လည်း "
"ဖေကြီးနဲ့ မေကြီး ပြန်လာမှာ ဒီနေ့ "
မနက်ထမင်းစားခန်းထဲတွင်ပြောနေတာမို့ အသ င်္ချေစားချင်စိတ်တောင်မရှိတော့ပါ ။ ကလေးမရှိဘဲ သူမအိပ်တတ်တော့ပါဘူး ။ ကလေးနဲ့အမြန်ဆုံးအတူနေနိုင်ဖို့ သူစီစဥ်မှ ရလိမ့်မယ်ဆိုတာ သဘောပေါက်လိုက်ပါသည်။ ကလေးလေးကသာသူ့ဘဝ ပါ ။ ကလေးမရှိတဲ့ညတွေဆိုတော်တော်နဲ့အိပ်မပျော်တာမို့တွေးပြီး စိတ်ပျက်နေမိ သည်။
"ကိုကို စားအုန်းလေ တော်ပြီလား "
"အင်း "
မိုးစက်ကိုကို့ကိုကြည့်ပြီးအိမ်ပြန်အိပ်ရမှာတောင် စိတ်မချပါ ။ ကိုကိုက သူမရှိတော့ရင် ထမင်းမစားဘဲ beer နဲ့အရက် တစ်လှည့်ဆီ သောက်တော့မှာပါ ။
"ကိုကို အိမ်လိုက်ခဲ့လေ "
"တော်ပါပြီ ကလေးရယ်
ယောက္ခမတွေကိုမျက်နှာပူတယ် "အသင်္ချေကကလေးခေါ်ပေမယ့်ငြင်းလိုက်သည်။ လူကြီးတွေရှေ့မှာသူမနေတတ်ပါ ။ ကိုယ်ကသူ့သားနဲ့အတူတူရှိနေတာတောင်မျက်နှာပူလှသည်။ 'သိသာသိစေ မမြင်စေနဲ့' ဆိုတဲ့စကားအတိုင်းပဲ ကလေးမိဘတွေ ရှေ့မှာ နေဖို့အထိတော့ မလုပ်ရဲသေးပါ ။
"ကိုကို ကလေး စိတ်ပူရမယ့်ကိစ္စ တွေ မလုပ်ဖူးလို့ကတိပေး "
"အင်းပါ "
ကလေးကသူ့ကို စိတ်မချနေတာမို့လွယ်လွယ်က တိပေးလိုက်သည်။ ပြီးရင် သူထင်တိုင်းကျဲတော့မှာပါ ။ ကလေးမရှိဘဲ ဒီအိမ် အကျယ်ကြီးထဲမှာ နေရမယ်ဆိုတော့ ထင်တိုင်းကျဲမှ သာ နေ သာထိုင်သာရှိမည် ။
ကလေးကို တဝကြီး အနမ်းပေးလိုက်ပြီး အလုပ်သွားဖို့ အတူတူ ထွက်လာလိုက်သည်။ စိတ်ထဲမှာလည်း ကလေးကို အ ပိုင် ယူနိုင်ဖို့အရေး အစီအစဥ်တွေရေး ဆွဲနေမိသည်။
"ဖေကြီးနဲ့မေကြီး ကရောက်နေပြီလား
သားက လာကြိုမလို့ပါဆို "
YOU ARE READING
A Chit Lay (ACL) [Completed]
Romanceမင်းနဲ့ငါနဲ့ ဘာလိုမှမဆုံနိုင်တဲ့ မျဥ်းပြိုင်နှစ်ကြောင်း မဖြစ်နိုင်မှန်းသိရက်နဲ့ရှေ့ဆက်မတိုးချင်နဲ့ ကလေးက ကလေးလိုနေစမ်းပါ နေအသင်္ချေ ကျနော့ရဲ့ ပန်းတိုင်ဟာ ဆရာပဲမို့ ကျနော် ရောက်အောင်လာခဲ့မယ် ကျနော်နဲ့ ဝေးရာကို ဘယ်လောက်သွားသွား ကျ...