Uni
"သားငယ် "
"ဗျာ မေကြီး "
"သားဘယ်နေ့ စာမေးပွဲသွား ဖြေရမှာလဲ "
"လကုန် မေကြီး "
မိုးစက် ခြေတောက်ကလည်း တဖြေးဖြေး ပြန်ကောင်းလာပြီမို့ ကျောင်းသွားတတ်ဖို့ ပြန်ပြီးပြင်ဆင် နေရပြီလေ။ မပြင်လို့လည်းမရတော့ဘူး။ ခြေတောက်ဖြစ်တာနဲ့ သင်တန်းတွေ နားထားရတာ ၈ လ ကျော်ပြီလေ ။ အခုခြေတောက် က အကောင်းအတိုင်း မဟုတ်ပေမယ့် ဒုတ်ကောက် လွှတ်ရတဲ့အခြေအနေရောက်နေပါပြီ။ ညာဘက် ဒူးဖြစ်တာမို့ ကားမမောင်းနိုင်ခဲ့တာ ။ အခုတော့ ကားပြန်မောင်းလာနိုင်ပါပြီ။ squatting ( ခြေတောက် ထထိုင်လုပ်တာ ) က လွဲရင် အားလုံးနီးပါးကောင်းနေပါပြီ။ လှေကားအတက်အဆင်းလည်း ကောင်းကောင်း လုပ်လာနိုင်ပါပြီ။ ဆေးရုံမှာ နေ့တိုင်း PT ကုသမှု ယူတာ ၅လ လောက်ရှိပြီ ။ PT (အကြောအဆစ် ကုပညာရှင်) ဆရာ ၊ ဆရာမတွေ စေတနာထား ကုသမှုကြောင့် တော်တော်တိုးတက်လာခဲ့ပါ သည်။ အားလုံးကို မိုးစက် ကသူ့ဘဝရဲ့ကျေးဇူး ရှင်လို သတ်မှတ်ထားခဲ့တာပါ။ တစ်ယောက်သော သူကိုတော့ နည်းနည်းပိုပို သာသာ ရှိခဲ့တာပေါ့ ။ဆရာနေနဲ့ဆက်ဆံရေးကလည်းအရင်ကထက်စာရင် တော်တော် လေးကောင်းလာပါပြီ။
"မေကြီးသားဆေးရုံသွားပြီ "
"အေးသားငယ်
ကားဂရုစိုက်မောင်း ""ဟုတ်မေကြီး "
မေကြီးက အခုမှ ဒူးပြန်ကောင်းစကို ကားမောင်းနေတာမို့ သတိပေးနေသည်။ အရင်ကဆို မိုးစက် က သူ့သမီးလေး( fairlady sport ကား) နဲ့ ပြိုင်မောင်းနေကြပါ။ ဆယ်တန်းအောင်စာရင်းထွက်တော့ ဂုဏ်ထူး ၃ဘာသာ ပါတာကြောင့် ဖေကြီးက ဆုချခဲ့တဲ့ fairlady sport ကားခဲရောင်လေးပါ။ မိုးစက်အရမ်းချစ်လွန်းလို့ သမီးလို့ပဲ ခေါ်ခဲ့တာ ။ အခု တော့ သမီးလေးလည်း ကားဂိုထောင်ထဲမှာ ဖုန်အထပ်ထပ်ပေါ့ ။
"ဝုတ် ဝုတ် "
"သားရေ
Daddy ဆေးရုံသွားလိုက်အုန်းမယ်နော် "
STAI LEGGENDO
A Chit Lay (ACL) [Completed]
Storie d'amoreမင်းနဲ့ငါနဲ့ ဘာလိုမှမဆုံနိုင်တဲ့ မျဥ်းပြိုင်နှစ်ကြောင်း မဖြစ်နိုင်မှန်းသိရက်နဲ့ရှေ့ဆက်မတိုးချင်နဲ့ ကလေးက ကလေးလိုနေစမ်းပါ နေအသင်္ချေ ကျနော့ရဲ့ ပန်းတိုင်ဟာ ဆရာပဲမို့ ကျနော် ရောက်အောင်လာခဲ့မယ် ကျနော်နဲ့ ဝေးရာကို ဘယ်လောက်သွားသွား ကျ...