Uni
"ကလေးလေး ဘာဖြစ်နေတာလဲ "
မိုးစက် အိပ်ယာကထကာ ဝမ်းသွားနေသည်မှာ ၃ကြိမ်လောက်ရှိနေပါပြီ။ ကိုကိုမသိအောင် ခိုးပြီး အိပ်သာတက်ပါတယ်ဆိုမှ သိသွားတော့ အငေါက်ခံရတာပေါ့ ။ ငရုတ်သီးအစပ်တွေ မစားရတော့ဘူးလို့ ပိတ်ပင်မှာကြောက်တာမို့ အသိမပေးပဲထားတာကို ။
"အဲ့လောက် ဖြစ်နေတာကို ကိုကို့ကို ဘာလို့မနိုးတာလဲကွာ "
"ကိုကိုက ဆူမှာ စိုးလို့ "
"ဘာပြောတယ် "
"ဟုတ်တယ်လေ ကိုကိုက ....."
မိုးစက်မျက်နှာ ငို မဲ့မဲ့ဖြစ်နေတာမို့ အသင်္ချေ ဆူငေါက်ဖို့တောင် မပြောရဲတော့ပေ။ ပြောရင်လည်း ငိုချင်ရက် လက်တို့ဖြစ်နေမှာပါ ။ ကလေးကို သာသာယာယာ ရင်ခွင်ထဲထည့်ပြီး ဗိုက်လေးကို ပွတ်ပေးနေလိုက်သည်။
"အား....မရတော့ဘူး ကိုကို "
မိုးစက် ကိုကို့ရင်ခွင်ထဲက ပြေးဆင်းကာ toilet ထဲအရောက်ပြေးရတော့သည်။ အသင်္ချေ ကလေးကိုကြည့်ပြီးစိတ်ပူလာတာမို့ အောက်ထပ်ဆင်းကာ ဆေးသေတ္တာထဲက ဝမ်းပိတ်ဆေး နဲ့ ဓါတ်ဆား ကို ရေဗူးထဲထည့်ကာ ဖျော်လာခဲ့သည်။
"ကလေး ရရဲ့လား "
"ဟုတ်ကိုကို "
"ရော့ဆေးသောက်လိုက် "
မိုးစက် တစ်ယောက်ကိုကိုပေးတဲ့ဆေးကို သောက်လိုက်ပေမယ့်ဗိုက်က နာနေသေး၏။ ကိုကို့ကိုမပြောရဲတာက မိုးစက် ဒီနေ့ ဝက်သားဒုတ်ထိုးစားလာခဲ့တာလေ ။ ပြောလိုက်ရင် နောက်တခါ ဝက်သားဒုတ်ထိုးစားခွင့် ပိတ်လိုက်မှာမို့ပါ။
"သက်သာလားကလေးလေး "
"နည်းနည်း ဗိုက်ရစ်နေသေးတယ် "
အသင်္ချေ ကလေး ဗိုက်ကို ဆေးပူလေး လိမ်းပေးပြီး ပွတ်ပေးလိုက်တော့ သက် သာလို့ ထင်တယ် အိပ်ပျော်သွားတော့ သည်။ အသင်္ချေလည်း ကလေးကို ရင်ခွင်ထဲထည့်ကာ ဆက်ပြီးချော့သိပ်နေရတော့သည်။ နာရီကြည့်လိုက်တော့မနက် ၃နာရီတောင်ရှိနေပြီလေ။ သူကသာ အိပ်ရေးဝပေမယ့် ကလေးက အခုမှ အိပ်ပျော်သွားတာကြောင့် စိတ်မကောင်းဖြစ်နေမိတော့သည်။ သူ့ကို ဆူမှာ ကြောက်လို့ဝမ်းသွားတာကို ကြိတ်ခံနေတဲ့ပေါက်စလေးပါ။ ကြာလေကြာလေ ဘယ်သူနဲ့မှ မတူအောင် ချစ်ဖို့ကောင်းလာတာမို့ အပိုင်ရဖို့ ကြံရတော့မည်။
ŞİMDİ OKUDUĞUN
A Chit Lay (ACL) [Completed]
Romantizmမင်းနဲ့ငါနဲ့ ဘာလိုမှမဆုံနိုင်တဲ့ မျဥ်းပြိုင်နှစ်ကြောင်း မဖြစ်နိုင်မှန်းသိရက်နဲ့ရှေ့ဆက်မတိုးချင်နဲ့ ကလေးက ကလေးလိုနေစမ်းပါ နေအသင်္ချေ ကျနော့ရဲ့ ပန်းတိုင်ဟာ ဆရာပဲမို့ ကျနော် ရောက်အောင်လာခဲ့မယ် ကျနော်နဲ့ ဝေးရာကို ဘယ်လောက်သွားသွား ကျ...