Uni
"ဖေဖေ morning ပါ "
"အော် သားလေး မိုးစက် နိုးလာပြီလား
သားကိုကိုကော ""ကိုကိုက အိပ်ပုတ်ကြီး "
"ဟုတ်တယ် သားလေးကိုကို က ၉နာရီ ၁၀ နာရီလောက်မှ အိပ်ယာထတာ အလုပ်မရှိလို့ကတော့ "
ကိုကို့အဖေနဲ့မိုးစက် ကတော့ အတိုင်အဖောက်ညီစွာ ကိုကို့အတင်းတုတ်နေကြ ၏ ။ နှစ်ယောက်သား က အေးအေး ချမ်းချမ်းမနက်ခင်းလေးမှာ ခြံထဲဆင်း လမ်းလျှောက်ကြသည် ။ ခြံကလည်း အကျယ်ကြီးဆိုတော့စကားတပြောပြောနဲ့အနွေး ဓါတ်ရအောင်လုပ်နေ ရ ၏။ အခု ၈လပိုင်း ကုန်ခါနီးပြီးဆိုတော့မိုးအအေးကော ဆောင်း လာတော့မှာဆိုတဲ့အအေးကော တောင်ကြီးက တော်တော်လေး အေးစိမ့်နေသည်။
"သားမိုးစက်ကို မေးပါအုန်း မယ်
ဖေဖေ့သားနဲ့ ဘယ်လိုလုပ်သူငယ်ချင်းဖြစ်သွားတာလည်း "ဖေဖေ့အမေးကို မိုးစက်က နေပြည်တော်ကအကြောင်းကစလို့ အစအဆုံးပြော ပြလိုက်သည်။ဦးနေမင်းခန့်က မိုးစက်ကို အံသြစွာ စိုက်ကြည့်နေလိုက်သည်။ သူ့သားအပေါ်မှာ အဆူအငေါက်ခံပြီး ရှိနေတဲ့ မိုးစက်ရဲ့သဘောထားကိုလည်းစီး ပွားရေးသမား ဆရာဝန်ပီပီသိလိုက်ရသည်။ ဒီကလေးက သူ့သားအပေါ်အတော်လေးသံယောဇဥ်ကြီးတာပဲလို့လည်းမှတ်ချက် ချလိုက်သည်။
"ဖေဖေက သားကို တောင်းဆိုပါတယ်
သားကိုကို နားလည်ပေးပါ""ဟုတ်ကဲ့ပါဖေဖေ ကိုကိုက စိတ်ထားတအားကောင်းတာပါ
ဒါပေမယ့် ကိုကို သဘောမကောင်းဘူး ""ဟားဟားး
ဒါကတော့ ဖေဖေ့အပေါ်လည်းအဲ့လိုပဲ
သူချစ်တဲ့သူတွေဆို သူက စိုးရိမ်စိတ် ကြောင့်ဆူတာ ငေါက်တာ ""အမ် !!!"
"ဟုတ်တယ် သားမိုးစက် "
"ဖေဖေကိုဆို အရင်တုန်းက ၅နှစ်လောက်မခေါ်ဘူး"
"ဗျာ!!!"
"အဲ့တာ သူချစ်လို့လေ"
"သားက ကိုကို ဆူရင်ငေါက်ရင် စိတ်မကောင်းဖြစ်တာ "
YOU ARE READING
A Chit Lay (ACL) [Completed]
Romanceမင်းနဲ့ငါနဲ့ ဘာလိုမှမဆုံနိုင်တဲ့ မျဥ်းပြိုင်နှစ်ကြောင်း မဖြစ်နိုင်မှန်းသိရက်နဲ့ရှေ့ဆက်မတိုးချင်နဲ့ ကလေးက ကလေးလိုနေစမ်းပါ နေအသင်္ချေ ကျနော့ရဲ့ ပန်းတိုင်ဟာ ဆရာပဲမို့ ကျနော် ရောက်အောင်လာခဲ့မယ် ကျနော်နဲ့ ဝေးရာကို ဘယ်လောက်သွားသွား ကျ...