Uni
"ဘာလို့ ကိုကို့ကို မပြောတာလဲကလေး "
"အရင်ကလည်းအဲ့လိုအပြန်အလှန်ယူနေကြလေ ကိုကိုရဲ့"
မိုးစက်တစ်ယောက်ကိုကိုဒေါသထွက်လွန်းပြီးပြောနေတာမို့ ဘာဖြေရှင်းရမှန်းကိုမသိဖြစ်နေတော့၏။ မိုးစက်အရင်အပတ်က project အသစ်အတွက် ငွေလိုနေတာမို့ ဖြိုးတို့ဇွဲတို့ဘဏ်ကခဏလောက်ယူမိတာလေးကို ကိုကိုကဘယ် လိုသိသွားမှန်းမသိပါ ။ တအားတွေဒေါသထွက်ပြီးဆူငေါက်နေတာမို့ မိုးစက်တောင်ကြောက်နေမိတော့သည်။
"အရင်တုန်းက ကိုကိုနဲ့ကလေးက ဘာမှမဟုတ်သေးဘူးလေ
အခုက စေ့စပ်ထားတာလေ
အဲ့လိုတွေ သူများဆီက ယူရင် ကိုကို သိက္ခာကျတယ်ဆိုတာ မင်းမသိဘူးလား""ကိုကိုကလည်း သူတို့လည်းကလေးဆီက ယူတာပဲလေ "
"သူတို့ယူတာ ယူပါစေ
မင်းမှာငါတစ်ယောက်လုံးရှိနေတယ်လေ
ဘာလိုလို ငါ့ကိုပြောရမှာပေါ့
ငါ့ပိုက်ဆံတွေကို မင်းကိုစိတ်ကြိုက်သုံးလို့ပြောထားတယ်လေ"မိုးစက်မှားသွားတယ်ဆိုတာသိလိုက်ပါပြီ။ ကိုကို ကမိုးစက်လုပ်ငန်းစုအတွက်ကြိုက်သလောက်လိုပါစေ သူ့ဆီကယူဖို့ ပြောထားပြီးသားပါ။ မိုးစက်က ကိုကို့ဆီကယူရမှာ အားနာနေတာမို့အရင်လိုပဲ ဖြိုးတို့နဲ့တစ်ယောက်တလှည့်ယူသုံးနေကြမို့ပါ။ ပြသနာက မိုးမီးလှောင်တာထက်တောင်ဆိုးသေးသည်။ ကိုကို ဒေါသထွက်နေတာမို့ မိုးစက်ဘာမှ ပြန်မပြောရဲပါ ။ မိုးစက် နဲ့ စိတ်ဆိုးလို့ ပြတ်သွားပြီးနောက်ပိုင်း ကိုကို အခုလို မိုးစက်ပေါ် ဒေါသ မထွက်တော့တာကြာပါပြီ။ အခုလိုအခြေအနေဆိုတော့ မိုးစက် ကိုကို့ကို သေချာ ချော့မှရတော့မည်ဆိုတာ သဘောပေါက်လိုက်ပါသည်။
"ကလေးက ကိုကို့ကို အားနာလို့ပါ "
"ဘာကွ ဒုန်း...ခလွမ်း..အုံး
အေးလေ ငါနဲ့က တစိမ်းကို ""ကိုကို....."
နံရံကို လက်သီးနဲ့ထိုးသွားတာ ကိုကို့လက်မှာ သွေးတွေထွက်နေတာမို့ မိုးစက် စိတ်မကောင်းဖြစ်ပြီး ငိုချလိုက်တော့သည်။ ကိုကိုက မိုးစက်ရှိရာ အိပ်ခန်းကနေ စိတ်တိုတိုနဲ့ အောက်ထပ်ဆင်းသွားတာမြန်လွန်းလှ၏။ ဒီတခါ သူမှားသွားတာပါ။ အစစအရာရာ တိုင်ပင်မှကြိုက်တဲ့ကိုကို့ကို အားနာလွန်းလို့ ၊ အပူတွေမပေးချင်လို့ကိုယ့်ဟာကိုယ်ဖြေရှင်းလိုက်တာပါ။လုပ်ငန်းကြီးလုပ်တဲ့ သူတွေအတွက် ကတော့ ငွေဆိုတာ ဘယ်တော့မှလောက်တယ်မရှိပါ။ သူဟာနဲ့သူ ကိန်းဂဏန်းတွေကလည်ပတ်နေတာပါ။ကိုကိုကဆေးကုမ္ပဏီတစ်ခုပဲလုပ်တာမို့ သူ့အတွက်ကအားလုံးနိုင်နိုင် နင်းနင်းပါ ။ ဖေဖေလုပ်တဲ့ရွှေတွင်းတွေကလည်း လူကသာ အိမ်မှာ အိပ်နေတာ ရွှေကတော့ထွက်မြဲပဲမို့ ကိုကိုတို့သားအဖက စိတ်အေးနားအေး လူချမ်းသာများသာ ဖြစ်ကြသည်။ လောဘလည်းမကြီးတာမို့ နောက်ထပ် လုပ်ငန်းတွေတိုးချဲ့ဖို့တွေ စိတ်မဝင်စားပါ။ မိုးစက်တို့ကသာ လုပ်ငန်းစု ကြီးမို့ တစ်ခုပြီးတစ်ခု လိုက်လုပ်ရင်း ပြီးဆုံးတယ်လို့ကိုမရှိတာပါ။
YOU ARE READING
A Chit Lay (ACL) [Completed]
Romanceမင်းနဲ့ငါနဲ့ ဘာလိုမှမဆုံနိုင်တဲ့ မျဥ်းပြိုင်နှစ်ကြောင်း မဖြစ်နိုင်မှန်းသိရက်နဲ့ရှေ့ဆက်မတိုးချင်နဲ့ ကလေးက ကလေးလိုနေစမ်းပါ နေအသင်္ချေ ကျနော့ရဲ့ ပန်းတိုင်ဟာ ဆရာပဲမို့ ကျနော် ရောက်အောင်လာခဲ့မယ် ကျနော်နဲ့ ဝေးရာကို ဘယ်လောက်သွားသွား ကျ...