Uni
"မင်းမင်း!!!!"
"ဗျာ ဆရာနေ "
"အိမ်နဲ့ခြံထဲသန့်ရှင်းရေးလုပ်ဖို့ သန့်ရှင်းရေးကုမ္ပဏီတစ်ခု လောက်ရှာ ပေးပါအုန်း "
"ဟုတ်ဆရာနေ "
ဒီတပတ် စနေနေ့က ကလေးလေးပြန်လာမှာမို့ အိမ်နဲ့ခြံသန့်ရှင်းရေးကို သန့်ရှင်းရေးကုမ္ပဏီအပ်ဖို့ပြောထားရသည်။ တစ်အိမ်လုံးကိုလည်း renovation ကုမ္ပဏီ ကိုအပ်ထားပြီး ဆေးရောင်တွေပါ ပြန်သုတ်ထားလိုက်သည်။ ကလေး ပြန်လာရင်ဘယ်မှမသွားချင်လောက်အောင်သူ့အိမ်ကိုအပီအပြင်မွန်းမံထားတော့သည်။
"ဆရာ နေ ပြုံးနေတာပဲ
ဘာပျော်စရာတွေများရှိလို့လဲ ""ငါ့ကလေးလေး ဒီစနေနေ့ ပြန်လာမှာကွ"
"အော်"
မင်းမင်းသည် ဆရာနေရဲ့ အပြောကြောင့် အော်ဆိုပြီး ပဲ တနိုင်တော့သည်။ သူ အရစ်ခံရတဲ့ဝဋ်က ကျွတ်တော့မှာမို့ပါ ။ ဆရာနေတို့များ သူ့လင်လေး ပြန်လာမှာ ဆိုတော့ မျက်နှာမှာ သကာရည်လောင်းထားသလိုကို အပြုံးပန်းတွေဆင်နေတာမို့ မုန်းချင်စရာ ကောင်းနေတော့သည်။ ဘယ်နားတွေ့တွေ့ ပြုံးပြီးကြည့်နေတဲ့ဆရာနေ့ကြောင့် မင်းမင်းတော်တော်စိတ်ပေါက်နေတော့သည်။
"မင်းမင်းဒီနေ့ schedule "
"လချုပ်အစည်းအဝေးရှိတယ်ဆရာ အခု "
"အိုကေ သွားကြတာပေါ့ "
အသင်္ချေ ပေါ့ပေါ့ပါးပါး အခန်းထဲက ထွက်သွားတာ မြင်ပြီး မင်းမင်းမျက်နှာကတော့ မဲ့ရွှဲ့ကာ ကျန်ခဲ့တော့သည်။ အစည်းအဝေးအခန်းထဲတွင်လည်း ထိပ်ဆုံးက ထိုင်ပြီး မျက်နှာက ပြုံးပျော်နေတာများကြည့်မကောင်းအောင် ပါ။
တစ်ယောက်ပြီးတစ်ယောက်က ရုံးခွဲပေါင်းများစွာရဲ့စာရင်းတွေ တင်ပြနေတော့သည်။ အသင်္ချေလည်းသူ့ဝန်ထမ်းတွေပြောတာ နားထောင်လိုက်ပြီး လိုအပ်တာများ ညွှန်ကြားလိုက်တော့သည်။
"နှစ်ကုန် နှစ်ချုပ်စာရင်းကို အားလုံး အဆင့်ဆင့်သေချာလုပ်ကြပါ
ဆရာ က အားလုံးအတွက်နှစ်ကုန် dinner နဲ့ bonus ပေးဖို့ ရှိပါတယ်
ဗလာ မပါကံစမ်းမဲလည်း လုပ်ပေးမှာပါ"
ESTÁS LEYENDO
A Chit Lay (ACL) [Completed]
Romanceမင်းနဲ့ငါနဲ့ ဘာလိုမှမဆုံနိုင်တဲ့ မျဥ်းပြိုင်နှစ်ကြောင်း မဖြစ်နိုင်မှန်းသိရက်နဲ့ရှေ့ဆက်မတိုးချင်နဲ့ ကလေးက ကလေးလိုနေစမ်းပါ နေအသင်္ချေ ကျနော့ရဲ့ ပန်းတိုင်ဟာ ဆရာပဲမို့ ကျနော် ရောက်အောင်လာခဲ့မယ် ကျနော်နဲ့ ဝေးရာကို ဘယ်လောက်သွားသွား ကျ...