Uni
"ဆရာ
ကျမ အရမ်းကျေးဇူးတင်လို့ပါ
ဒီမုန့်လေးတွေတော့ လက်ခံပေးပါ ""ကျေးဇူးတင်ပါတယ် ညီမလေး
အားနာလို့ နောက်တစ်ခါတော့ မလုပ်ပါနဲ့ "အသင်္ချေကသူ့အမေဒူးနာတာကိုသက်သာအောင် ကုသမှုပေးခဲ့တဲ့အတွက်မုန့်လက်ဆောင်လာပေးတာဖြစ်သည်။ အသင်္ချေက လက်ဆောင်တွေကို လက်ခံလေ့မရှိတာမို့ ကောင်မလေးက အတင်းတွေ လက်ဆွဲပြီးပေးနေသည်။ဆေးခန်းပြီးချိန် ကားparking မှာဇွဲကြီးကြီးနဲ့စောင့်ပြီးကို ပေးနေတာမို့အားနာလိုယူခဲ့လိုက်သည်။ဒီနေ့မှမိုးစက် ကကိုကို့ ကိုလာကြိုတယ်တာနဲ့ ကြုံနေတော့ သည်။
"အော် ကလေးလေး ရောက်နေတာလား "
အသင်္ချေမုန့်ထုတ်များစွာဆွဲပြီးကားဆီလာလိုက်တာကားနားမှာ ရပ်ပြီး ဖုန်းသုံးနေတဲ့ကလေးကို တွေ့လိုက်ရသည်။ မျက်နှာကလည်းလန်းလန်း ဆန်းဆန်းမရှိဘဲမှုံကုတ်နေတော့သည်။
မိုးစက် အလုပ်ဆင်းတာ နောက်ကျတာမို့အိမ်မပြန်ဘဲ ကိုအာကာ့ကို ကိုကို့ဆီ လိုက်ပို့ခိုင်းလိုက်တော့မှ လူက စိတ်ဓါတ်တွေကျဆင်းလာခဲ့သည်။ကိုကိုက မိန်းကလေးတစ်ယောက်နဲ့ ရယ်မောနေတဲ့မြင်ကွင်းက ထူးထူးဆန်းဆန်း ဆီးကြိုနေ တော့သည်။
မိုးစက်က စိတ်ဆိုးနေပေမယ့် ဘာမှမဖြစ်သလိုကားတံခါးဖွင့်ပေးတဲ့ကိုကိုကြောင့်lover seat မှာဝင်ထိုင်လိုက်ပြီး မျက်လုံး မှိတ်ထားလိုက်သည်။ ကိုကိုက seat belt တွေ သေချာ တပ်ပေးပြီး ပါးကိုတောင်တစ်ချက်နမ်းသွားသေးသည်။
"ပြွတ်စ်စ်
ကလေး ပင်ပန်းနေတာလား
ကိုကို ဘာလိုက်ကျွေးရမလဲပြော "ကိုကို မေးနေပေမယ့် ပြန်မဖြေချင်တာကြောင့် စကားတစ်လုံးမှ မပြောဘဲနေလိုက်သည်။ ကိုကို ကကားမထွက်သေးဘဲမိုးစက် စိတ်ဆိုးတယ်ထင်ပြီး တစ်ချိန်လုံးချော့နေတော့သည်။ မိုးစက်စိတ် ဆိုးတာ မဟုတ်ပေမယ့် ကိုကို့ကိုအဲလို မိန်းမတွေနဲ့ အတူ တွေ့ရတာတော့ သူ့အတွက်လုံးဝအဆင်ပြေမနေပါ။
YOU ARE READING
A Chit Lay (ACL) [Completed]
Romanceမင်းနဲ့ငါနဲ့ ဘာလိုမှမဆုံနိုင်တဲ့ မျဥ်းပြိုင်နှစ်ကြောင်း မဖြစ်နိုင်မှန်းသိရက်နဲ့ရှေ့ဆက်မတိုးချင်နဲ့ ကလေးက ကလေးလိုနေစမ်းပါ နေအသင်္ချေ ကျနော့ရဲ့ ပန်းတိုင်ဟာ ဆရာပဲမို့ ကျနော် ရောက်အောင်လာခဲ့မယ် ကျနော်နဲ့ ဝေးရာကို ဘယ်လောက်သွားသွား ကျ...