Uni
မိုးစက်အလုပ်အစောဆင်းပြီးကိုကိုဆီသွားဖို့ပြင်လိုက်သည်။ အလုပ်ကနေ ဆေးခန်းမသွားခင်လေးကိုကို့ကိုတစ်ခုခုကျွေးဖို့ဖြစ်သည်။ နေ့လည်ကလည်း အလုပ်မအားလို့ ကိုကို့ကိုထမင်းသွားမကျွေးဖြစ်ပါ။ ထမင်းမေ့ဟင်းမေ့ အလုပ်လုပ်တတ်တဲ့ ကိုကို့ကို အထူးဂရုစိုက်နေရသည်။ ဒီကာလက မိုးတွင်းဆိုတော့ ကျန်းမာရေး ဂရုစိုက်မှ ဖြစ်မည် ။ကိုကိုတော့ ဖျားလို့မဖြစ်ပါ။
"ကိုအာကာ ကျနော် ဘာအလုပ်ရှိသေးလည်း"
"မရှိတော့ဘူး ကိုစက် appointment တွေအားလုံးပြီးပြီ "
"ဒါဆို ကျနော်အလုပ်ဆင်းပြီနော် "
"ဟုတ်ကိုစက်"
မိုးစက်ကား ပေါ်ရောက်မှ ကိုကို့ဆီက message ဝင်လာသည်။ ဘာအရေးကြီးကိစ္စ ရှိတယ်မသိ ။ ဘာမှလည်း ကြိုပြောမထားပါ ။
📩ကလေး ကိုကို ခရီးထွက်ဖို့ ရှိလို့ အိမ်ပြန်မလာတော့ဘူး
"ဟမ်!!! ဘာကြီးတုန်း ဘယ်သွားမှာလည်းမပြော ဆရာနေကတော့ ဘာသဘောလဲ"
မိုးစက်ကိုကို့ကိုဖုန်းခေါ်လိုက်တော့ဆက် သွယ်မှု ဧရိယာ ပြင်ပတဲ့ ။ ပိုစိတ်ပူသွားရသည်။ ကိုကိုကအဲ့လို မဟုတ်ပါဘူးလေ ။ သူဘယ်သွားမယ်ဆိုတာတော့ အခုနောက်ပိုင်းပြောပြတတ်ပါသည်။
"ကိုကို အချိုးတွေပြောင်းနေပြီ ဒီကိစ္စ ဒီလို ထားလို့မဖြစ်ဘူး "
မိုးစက် အိမ်ပြန်ပြီး ရေချိုး အဝတ်အစားလဲပြီး ကိုကို့ ရှာပုံတော် ဖွင့်ဖို့ စတင်လိုက်သည်။ ကိုကို့ secretary မင်းမင်းကို ဖုန်းဆက်လိုက်တော့ အူကြောင်ကြောင် မို့ မိုးစက် ပို သိချင်သွားရသည်။
"သားလေး ဘယ်လဲ "
"ကြီးကြီး ကိုကို့ကို သွားရှာမလို့
ကြီးကြီး နားချင်နားတော့လေ
သားတို့က နောက်ကျမှာ ""အေးပါကွယ် "
ကြီးကြီးကို နှုတ်ဆက်ပြီး ကားတစ်စီးနဲ့ ကိုကို့ ဆေးခန်းရောက်လာခဲ့သည်။
"မမယု "
"မောင်လေး ဆရာ မလာဘူးလေ
နေမကောင်းလို့တဲ့မသိဘူးလား
ခွင့်တိုင်သွားတယ် "
YOU ARE READING
A Chit Lay (ACL) [Completed]
Romanceမင်းနဲ့ငါနဲ့ ဘာလိုမှမဆုံနိုင်တဲ့ မျဥ်းပြိုင်နှစ်ကြောင်း မဖြစ်နိုင်မှန်းသိရက်နဲ့ရှေ့ဆက်မတိုးချင်နဲ့ ကလေးက ကလေးလိုနေစမ်းပါ နေအသင်္ချေ ကျနော့ရဲ့ ပန်းတိုင်ဟာ ဆရာပဲမို့ ကျနော် ရောက်အောင်လာခဲ့မယ် ကျနော်နဲ့ ဝေးရာကို ဘယ်လောက်သွားသွား ကျ...