Uni
"ဆရာ tea time ရောက်ပါပြီ "
"အင်း "
မင်းမင်းက နေ့လည် ပိုင်း ဆို ကော်ဖီ သောက်တတ်တဲ့ဆရာ့အတွက် အမြဲ တမ်းဆရာ့အကြိုက်ဖျော်တိုက်တတ်သည်။ကော်ဖီ ခါးစိမ့်စိမ့်အရသာ လေးက အသင်္ချေ့ အကြိုက်ပါ ။
"အင်း ကောင်းသားပဲ
မင်းဖျော်ထားတာလား "ကော်ဖီကခါတိုင်း အရသာမဟုတ်နေတဲ့အတွက် မေးနေရခြင်းဖြစ်သည်။ သူက Moccona အမြဲသောက်တတ်တာမို့တံဆိပ်များပြောင်းထားလို့ မေးကြည့်ရသည်။
"မဟုတ်ဘူးဆရာ deli service က လာပို့တာ မနက်က lunch box ကော "
"ဟင် !!! ဘယ်သူပို့တာလဲ "
"ကျနော်လည်းမသိဘူးဆရာ "
တော်တော် စိတ်ချရတဲ့တပည့်ပါ ။ သူ့ဆရာကို ဆေးခတ်ကျွေးတဲ့ဟာဆို အခုလောက်ဆိုအသ င်္ချေ သေနေလောက်ပြီ။
"ဘယ်သူပို့မှန်းမသိဘဲနဲ့ကွာ မင်းကတော့ "
"ကဒ်လေးပါတယ်ဆရာ
သွားယူလိုက်အုန်းမယ် "မင်းမင်းထွက်သွားတော့မှ အသင်္ချေ ခေါင်းထဲတွင်ကလေးမျက်နှာပေါ်လာခဲ့သည်။သူ့အကြိုက် တွေ ကွတ်တိသိတာ ကလေးကလွဲလို့ သူ့မှာဘယ်သူမှ မရှိပါ။ နေပြည်တော်မှာနေက တည်းက အ ထုပ်ပေါင်းများစွာနဲ့ မနက်တိုင်းလာပို့နေကြပါ။ မနက်တုန်းကလည်းသူ့အကြိုက် မှိုခရုဆီ၊ ဝက် သုံးထပ်သားအကျွတ်ကြော်နဲ့ corn soup ပါတဲ့ lunch box ကို အကြီးအကျယ်စားထားတာ ။ သူ့အကြိုက်တွေ မှာပေးတဲ့ မင်းမင်းကိုတောင် ချီးကျူးမိနေတာ။အခုလည်းကြည့် sandwish နဲ့ latte double shot ပါ ။
"ဆရာဒီမှာပါ "
"အင်း "
ကဒ်လေးမှာ "always smile for me" တဲ့ ။
"အေးအေး ထားခဲ့ ညနေငါဆေးခန်းသွားရင် ငါ့ပစ္စည်းတွေ အိမ်သွားပို့လိုက်စာရင်းတွေစစ်ဖို့ရှိတယ် "
"ဟုတ်ဆရာ "
အသင်္ချေ ကဒ်လေးကို ကြည့်ကာ သူ့စားပွဲ အံဆွဲထဲထည့်လိုက်သည်။ ဟိုတစ်နေ့က ကျူးလစ်ပန်းအဝါလေးတွေကလည်းကလေးပို့တာပေါ့လို့တွေး ရင်း ကြည်နူးမိနေ၏။
YOU ARE READING
A Chit Lay (ACL) [Completed]
Romanceမင်းနဲ့ငါနဲ့ ဘာလိုမှမဆုံနိုင်တဲ့ မျဥ်းပြိုင်နှစ်ကြောင်း မဖြစ်နိုင်မှန်းသိရက်နဲ့ရှေ့ဆက်မတိုးချင်နဲ့ ကလေးက ကလေးလိုနေစမ်းပါ နေအသင်္ချေ ကျနော့ရဲ့ ပန်းတိုင်ဟာ ဆရာပဲမို့ ကျနော် ရောက်အောင်လာခဲ့မယ် ကျနော်နဲ့ ဝေးရာကို ဘယ်လောက်သွားသွား ကျ...