Part 44 (Uni+Zawgyi)

3K 96 10
                                    

Uni

🎶🎵သင်္ကြန်မိုး​​လေး​ရေ စိုရုံဖြန်းပတ်အုန်း🎵🎶

သီချင်းတစ်​အေး​အေးဖြင့် မိုးစက်တစ်​ယောက် ​ရေချိုးခန်းထဲတွင် ​ရေချိုး​နေ​တော့သည်။ ​နွေဦးရာသီ​ရောက်လာပြီမို့ သင်္ကြန်ပွဲ​တော်လည်းမကြာမီလာ​တော့မည်။ကိုကိုတစ်​ယောက်က​တော့သ င်္ကြန်​တွေဘာ​တွေနားမလည်ဘူးနေ့မနား ညမနားမိုးစက်ကိုဂရုစိုက်ရတာနဲ့တင်မအားလပ်ပါ ။ အခုလည်း သူမရှိတုန်း ​​ရေချိုး​နေရတာပါ။သူရှိရင် သူကိုယ်တိုင် ​ရေချိုးခန်းထဲဝင်ပြီးက​လေးတစ်​ယောက်လို ​ရေ ချိုး​ပေးတတ်​သေးသည်။ အခု​တော့ သူ့အလုပ်​ကော ၊ မိုးစက် လုပ်ငန်းစုရဲ့အလုပ်​ကော၊ မိုးစက်ကို ဂရုစိုက်ရတာ​ကောနဲ့ ဆရာ​နေတို့မအားလပ်ပါ။ ပြီး​တော့ ၅လပိုင်း လုပ်မယ့် မင်္ဂလာပွဲကိုလည်းစိတ်အားထက်သန်စွာကြိုးစား​နေပြန်ပြီ​လေ။အားလုံးသူ့စိတ်ကြိုက် စီစဥ်​နေပြန်​တော့၏။ မိုးစက်က​တော့ကိုယ်ဝန်စရှိပြီးထဲက ဘာမှ အလုပ်မရှိသလို လူပိုကြီးကို ဖြစ်​နေ​တော့သည်။ အခုလည်း ကိုယ်ဝန်က ၁၀ ပတ်ထဲ​တောင်​ရောက်​နေပြီကို ကိုကိုက ဘယ်မှမသွားရ​သေးပါ။မိုးစက်လုပ်ရတာက​တော့ဘုရားတရား အလုပ်ရယ် ၊ယောဂဆရာမနဲ့ ​ယောဂကျင့်ရတာရယ်ပဲ ဖြစ်၏။

"က​လေး!!!
က​လေး​ရေ !!
အာ... ​ရေချိုး​နေပြန်ကွာ
ကိုကို့ကို ​စောင့်တာ မဟုတ်ဘူး "

"ပြီးပြီ ကိုကို​​ရေ "

မိုးစက် ​ရေချိုးခြင်းအလုပ်ကို အမြန်အဆုံးသတ်လိုက်ရပြီး ကိုကိုရှိရာ သို့ ထွက်လာခဲ့ရသည်။ ကိုကို အဆင်သင့်ထုတ်​ပေးထားတဲ့ ​ချည်သားဘောင်းဘီအပွ အရှည်နဲ့ တီရှပ် အပွ တစ်ထည်ကို ဝတ်ထားလိုက်​တော့သည်။ကိုကိုကစိတ်ရှည် လက်ရှည် lotion လိမ်း​ပေး​နေတာမို့ မိုးစက် ကိုကို ပါးကို အနမ်းဖြင့် ဆုချလိုက်သည်။ မိုးစက်ကိုယ်တိုင် suncream နဲ့ နို့ရည် ​လေး လိမ်းပြီး ဆံပင်ဖြီးကာ ပြင်ဆင်မှု အဆုံးသတ်လိုက်သည်။ကိုကိုနဲ့ ​​ဖေကြီး၊မေကြီးတို့အိမ် သွားမှာမို့ မိုးစက် ​သေချာ ပြင်ဆင်လိုက်သည်။ သင်္ကြန် holiday ကိုသြဇီက တီကြီး၊ တီ​လေးတို့လာလည်ကြတာဖြစ်ပြီး မိုးစက် မင်္ဂလာ​ဆောင်ပြီးမှပြန်ကြမည် ဖြစ်သည်။

A Chit Lay (ACL) [Completed]Donde viven las historias. Descúbrelo ahora