Uni
"ကိုနေ !!"
"အော်... ပန်းနု "
အသင်္ချေ ကလေးနဲ့ ညနေ dating လုပ်နေတဲ့အချိန် မှာ ပန်းနုနဲ့ လာဆုံဖြစ်နေတော့သည်။ ကလေး စိတ်အနှောက်အယှက် ဖြစ်မှာဆိုးတာမို့ ပန်းနုနဲ့ကိစ္စ ကို ရှင်းမှဖြစ်မယ်ဆိုတာသိလိုက်သည်။ ဒါတောင် ကလေးပေါက်စက နှုတ်ခမ်းဆူထွက်နေတော့၏။
"ပန်းနုထိုင် ငါ့ ကလေးနဲ့မိတ်ဆက်ပေးအုန်းမယ်
ကလေး သူကပန်းနုတဲ့ကိုကို့သူငယ်ချင်း ""ဟုတ်အမ ပန်းနု ကျနော်က မိုးစက်ပါ
တွေ့ရတာ ဝမ်းသာပါတယ် ""အမလည်းတွေ့ရတာဝမ်းသာပါတယ်
ကိုနေက အရမ်းချစ်တာနော် မောင်လေးကို""ကျေးဇူးအမ "
"ငါလည်း နင့်ကိုနှုတ်ဆက်ချင်နေတာ
ငါ စလုံးပြန်တော့မှာ ""အော် ငါ့မင်္ဂလာဆောင်နေပါအုန်းလား
၅လပိုင်းထဲ""တော်ပါပြီကိုနေ "
အသင်္ချေ ကလေးကို ကြည့်လိုက်တော့ချက်ချင်း မျက်နှာက မကြည်လင်တော့ပါ။ ပန်းနုကလည်း စကားတွေပြောနေပြီးသူ့ မင်္ဂလာဆောင်မလာနိုင်တော့ဘူးဆိုတဲ့အကြောင်းပါပြောနေပါတော့ သည်။ လကုန်ပြန်တော့မယ်ဆိုပြီး သူနဲ့ ကလေးကို နှုတ်ဆက်ကာ ပြန်သွားတော့၏။
"ကလေး ဘာဖြစ်လို့ "
"........"
"အမ် !!!စိတ်ဆိုးပြန်တာလား "
" ............"
"ဘာလို့လည်းကိုကို ဘာလုပ်မိလို့လည်း"
အသင်္ချေ စကားတွေ ပြောနေပေမယ့် ကလေးက စကားပြန်မပြောတော့တာမို့ စိတ်မကောင်းဖြစ် လာတော့သည်။ ကားပေါ်ထိုင်နေတဲ့ လမ်းတစ်လျှောက်လုံးလည်းလုံးဝစကားမပြောတာကတော့ ကလေးပါ ။ ကလေးက တကယ်ကို စိတ် ဆိုးသွားဖြစ်တာကြောင့် အိမ်ရောက်ရင်တော့ အသေချော့ရတော့မည်။
မိုးစက်လည်းကိုကိုနဲ့ မိန်းမတွေ စကားပြောရင် အလိုလိုကို ဝမ်းနည်းနေတဲ့ စိတ်ကို ဘယ်လိုမှပြင်လို့မရပါ ။ ဘာဖြစ်မှန်းမသိအောင်စကားမပြောချင်တော့တာပါ ။ စိတ်ဆိုးတာလား မေးရင်လည်း စိတ် ဆိုးတာ မဟုတ်ပါ။ ရင်ထဲမှာ သူ့အလိုလို နေရင်း နေလို့မကောင်းအောင်ဖြစ်နေတော့သည်။ကိုကိုက အဲ့လို မိန်းကလေးတွေနဲ့စကားပြောနေရင်ကိုသူကအလိုလို သိမ်ငယ်လာတာပါ။
YOU ARE READING
A Chit Lay (ACL) [Completed]
Romanceမင်းနဲ့ငါနဲ့ ဘာလိုမှမဆုံနိုင်တဲ့ မျဥ်းပြိုင်နှစ်ကြောင်း မဖြစ်နိုင်မှန်းသိရက်နဲ့ရှေ့ဆက်မတိုးချင်နဲ့ ကလေးက ကလေးလိုနေစမ်းပါ နေအသင်္ချေ ကျနော့ရဲ့ ပန်းတိုင်ဟာ ဆရာပဲမို့ ကျနော် ရောက်အောင်လာခဲ့မယ် ကျနော်နဲ့ ဝေးရာကို ဘယ်လောက်သွားသွား ကျ...