Uni
"ကိုကို
ကိုကို !!!""အော် သားလေးမိုးစက်
သားကိုကို မရှိဘူး မနက်အစောကြီး ခရီးထွက်သွားတယ် ""ဗျာ "
ကိုကို နဲ့တွေ့ပြီး breakfast စားဖို့မနက် အစောကြီးထလာရတဲ့မိုးစက် ရင်ဝကိုအကန်ခံလိုက်သ လိုဖြစ်သွား၏။ကိုကို ဆိုသည်မှာ အဲ့လိုပါပဲ ဘာမှ မပြောဘဲ ဘယ်သွားသည်မသိ ။ ဖုန်းဝယ်ထားပြီးမဆက်တတ်ဘူးထင်တယ်။ ဘာကိစ္စမဆို ဖုန်းဆက်တယ်ဆိုတာ ရှားပါးကိစ္စပါ။ မိုးစက်တစ်ယောက်သာ တစ်ချိန်လုံးဖုန်းဆက်နေရတာ ။ ဒါတောင်ကိုင်ချင်မှကိုင်တာ ။ missed call ကို ပြန်ခေါ်ဖို့ဆိုတာတော့ ကိုကို့ဘဝမှာ တစ်ခါမှ မရှိဘူးတဲ့ကိစ္စပါ။ မနေနိုင်တဲ့မိုးစက်ကသာ ဖုန်းစခေါ်ခြင်း အလုပ်ကို လုပ်ရတော့သည်။ ဘယ်သွားတယ်ဆိုတာလည်းသိချင်မိသလို ဘာလုပ်တယ်ဆိုတာလည်းသိချင်မိနေ၏။
"လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ စက်ပိတ်ထားပါသည်ရှင် "
"ဘာလည်းကွာ
ဒီ ကိုကို တစ်ယောက်ကတော့ "မိုးစက်စိတ်ဆိုးလွန်းလို့မမနက်စာတောင်မစားဘဲ ကုမ္ပဏီသွားဖို့ သွားဦးတည်လိုက် သည်။ မကျေ နပ်ချက်တွေကို ကားပေါ်မှာ ပြောရင်း ဖုန်းဆက် တိုက်ခေါ်နေမိတော့သည်။ ဘယ်လိုခေါ်ခေါ် လူ ကြီးမင်းနဲ့သာ ညားနေတော့သည်။
"ကိုစက် ဘာဖြစ်လာတာလည်း "
"ကိုကိုပေါ့ဗျာ "
"ကိုစက် ဆရာနဲ့စိတ်ဆိုးလာပြန်ပြီလား "
"စိတ်ဆိုးရအောင် လူကို ပျောက်နေလို့ "
မိုးစက်ကိုကို့ကိုဒေါသထွက်သမျှတွေကို ကိုအာ ကာ က စိတ်ပါလက်ပါ နားထောင်ပေးရတာက အလုပ်တစ်ခုပါ။ အဲ့အလုပ်မလုပ်လို့ရတော့ တစ်နေကုန် ကိုစက် ရစ်တာ ခံတော့မှာပါ။
"ဟော သားလေး ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီးရောက်လာတာလဲ "
"အဖေ့ကို ပြောစရာရှိလို့ "
အသင်္ချေ တစ်ယောက် မိုးစက်နဲ့အတူတူ အိပ်၊ အတူတူ ထမင်းစား၊ အတူတူနေတာ ကြာလာတော့ မိုးစက် မရှိရင် မနေတတ်တော့ပါ ။ အဲ့ဒါက ချစ်တာ လားဆိုတာတော့ သူလည်းစဥ်းစားနေဆဲပါ။ သူကလူကြီးတစ်ယောက်ဖြစ်ပြီး မသေ ချာတဲ့ ကိစ္စ ကြီးကို ဖွင့်ပြောဖို့က အဆင်မပြေနိုင်တာ မို့ပါ။ ဒါပေမယ့် မိုးစက်သူ့နားမရှိရင်အိပ်လို့ကို မရတာပါ။ အခုတလောမိုးစက်မိဘတွေက ရန်ကုန်အိမ်မှာလာနေတာမို့ မိုးစက် အိမ်ပြန် အိပ် နေရသည်။ အသင်္ချေ စိတ်မကောင်းခြင်းများစွာ ဖြစ်နေရ၏ ။ နောက်ဆုံးသူ အသေးစိတ်စဥ်းစားလိုက်တော့မိုးစက်ကိုသူချစ်နေတာ သေချာ သွားပြီလေ။ ဒါကြောင့် မိုးစက်ကိုတောင် ဘာမှမပြောဘဲအဖေရှိတဲ့တောင်ကြီးကိုတစ်ယောက်ထဲရုတ် တရက်လာလိုက်ရသည်။ မိုးစက်ကိုပြောရင် သူပါလိုက်ချင်တယ်ဆိုတာဖြစ်အုန်းမှာ လေ။ အဲ့ဒါဆို သားအဖေ နှစ်ယောက်ပြောရေးဆိုရေးကဘာမှန်းမသိ။အဖေ က သဘောတူတာလား ၊ မတူတာလားလည်းမသိသေးတာမို့ အသင်္ချေ တစ်ယောက်ထဲ အဖေ့ဆီရောက်လာတာဖြစ်သည်။
YOU ARE READING
A Chit Lay (ACL) [Completed]
Romanceမင်းနဲ့ငါနဲ့ ဘာလိုမှမဆုံနိုင်တဲ့ မျဥ်းပြိုင်နှစ်ကြောင်း မဖြစ်နိုင်မှန်းသိရက်နဲ့ရှေ့ဆက်မတိုးချင်နဲ့ ကလေးက ကလေးလိုနေစမ်းပါ နေအသင်္ချေ ကျနော့ရဲ့ ပန်းတိုင်ဟာ ဆရာပဲမို့ ကျနော် ရောက်အောင်လာခဲ့မယ် ကျနော်နဲ့ ဝေးရာကို ဘယ်လောက်သွားသွား ကျ...