Uni
"သားငယ်လေး ရယ် ထပါအုန်း
Shooping ထွက်ရအောင်လေ
ရောက်ထဲက အခန်းထဲက မထွက်ဘူးကွယ် "မိုးစက်တီကြီးနဲ့တီလေးရှိတဲ့ Aussei ရောက်နေတာ ၁ပတ်လောက်ရှိနေပါပြီ။ ကိုကိုနဲ့လမ်းခွဲပြီး မိုးစက်စိတ်တအားညစ်နေတာမို့ အလုပ်တွေကို ကိုအာကာနဲ့ ခဏလွှဲခဲ့ပြီး အပန်းပြေခရီးထွက်လာတာဖြစ်၏။ လမ်းခွဲခြင်းကအချိန်တစ်ခုလို အပ်တာမို့ မိုးစက် အချိန်ယူနေရသည်။ လွမ်းတာကလည်းတားမရဆီးမရပါ။အရမ်းချစ်ခဲ့အတွက် ပေးဆပ်မှုကအရမ်းများလွန်းနေပါပြီ ။ အခု
လည်းရောက်ထဲကထမင်းလည်းမစား ၊ အခန်းထဲကလည်း မထွက်တာမို့ တီတီ တွေကတောင်စိတ်ညစ်နေကြသည်။"မဟုတ်ပါဘူး တီလေးရယ်
သားအေးလို့ပါ ""မဟုတ်သေးဘူးသားငယ်လေး
သားအရမ်းစိတ်ဆင်းရဲနေတယ်ဆိုရင်လည်း စိတ်မတင်းထားနဲ့လေကွယ်
စိတ်လျှော့လိုက်တော့ ""ဟုတ်ကဲ့ပါ တီလေး သားကို အချိန် နည်းနည်းပေးပါ အဆင်ပြေသွားမှာပါ"
မိုးစက် နဲ့ ကိုကိုလမ်းခွဲတာ ၁ပတ်လောက်ရှိနေပေမယ့်ကိုကိုဆီကအရမ်းပြတ်သားလွန်းသည်။ ဘာဆိုဘာမှ အသံမကြားရလောက်တိတ်ဆိတ်နေသည်။ မမယုတို့ကလည်း မိုးစက်စိတ်ဆင်းရဲမှာဆိုးတာကြောင့် ဘာမှမပြောကြတာမို့ပါ။ ကို ကိုကတော့အရင်ကတည်းက နေနိုင်တဲ့သူမို့သူဆီကတော့ မိုးစက်မမျှော်လင့်တော့ပါ ။ ပြီးတော့သူကလည်း အမပန်းနုနဲ့အရမ်းအဆင်ပြေတယ်လို့မိုးစက်ထင်မိပါသည် ။ သူ့ကိုလည်း မေ့သွားလောက်ပါပြီ။ ဘာပြသနာဖြစ်ဖြစ် မိုးစက်က စချော့ရပေမယ့် ဒီလိုကိစ္စမျိုးမှာတော့ မိုးစက်ဘက်ဘယ်လိုမှ အချော့မပေးနိုင်ပါ။
"ဒါဆို shooping သွားမယ်လေ
သားငယ်လေး ""ဟုတ် သွားကြတာပေါ့ တီလေး"
တီလေးအတင်းခေါ်တာကြောင့် တီလေးနဲ့အတူ shopping ထွက်လာခဲ့သည်။ Melbourne မြို့ထဲ တီလေးမောင်းတဲ့ကားနဲ့ပါလာခဲ့သည်။ တီလေးကလည်း အလုပ်ပိတ်ရက်မို့ မိုးစက်ကို အ ချိန်ပေးနေတာ ဖြစ်မည်။ အသဲကွဲနေတဲ့ တူလေး
ကိုဖြေသိမ့်ပေးနေတာလည်းပါလိမ့်မည် ။ တီလေးနဲ့တီကြီးကို ကိုကိုနဲ့လမ်းခွဲခဲ့တဲ့အကြောင်းအစအဆုံးပြောပြထားတာမို့ တီတီတွေကလည်း သနားနေကြသည်။ သူ့တူလေးကဘယ်လောက်ချစ်ကြောင်းသိနေတာမို့ အစစအရာရာ သူ့တူလေးကိုပံ့ပိုးနေကြသည်။ ဖေကြီးနဲ့မေကြီးကို တော့ကိုကိုနဲ့အကြောင်းဖွင့်မပြောခဲ့ပါ။သူ့အဆိုး ဆိုပြီး ပြောအုန်းမှာပါ မေကြီးတို့က ။ သူတို့က ကိုကို့ ကိုအရမ်းချစ်တာမို့ ကိုကို့မကောင်းသ တင်းတွေလည်းမပြောချင်တာပါ၏။
DU LIEST GERADE
A Chit Lay (ACL) [Completed]
Romantikမင်းနဲ့ငါနဲ့ ဘာလိုမှမဆုံနိုင်တဲ့ မျဥ်းပြိုင်နှစ်ကြောင်း မဖြစ်နိုင်မှန်းသိရက်နဲ့ရှေ့ဆက်မတိုးချင်နဲ့ ကလေးက ကလေးလိုနေစမ်းပါ နေအသင်္ချေ ကျနော့ရဲ့ ပန်းတိုင်ဟာ ဆရာပဲမို့ ကျနော် ရောက်အောင်လာခဲ့မယ် ကျနော်နဲ့ ဝေးရာကို ဘယ်လောက်သွားသွား ကျ...