Uni
"ကလေး လေး ကိုကို ဆေးရုံနှစ်ပတ်လည်ဧည့်ခံပွဲသွားရမှာ "
"ဘယ်အချိန်လည်းကိုကို "
"နေ့လည် ၁နာရီ "
"သွားလေ ကိုကိုရဲ့ "
"မသွားချင်ဘူး ပိတ်ရက်လေး မိန်းမနားနေရတာ "
ကိုကိုက အခု ရက်ပိုင်း ဘာမှန်းမသိအောင်ကို မိန်းမ ပြီးရင်း မိန်းမ နေတော့သည်။ သူ့ကိုသူ သဘောတကျခေါ်ပြီး ပြုံးနေတော့သည်။ အခုလည်း စနေနေ့ပိတ်ရက်ကို ဆေးရုံက အစည်းအဝေးမို့ မသွားချင်ဖြစ်နေတော့သည်။
"ကိုကို သွားတော့လေ ၁၂ တောင်ခွဲတော့မယ်
ဒီမှာ အင်္ကျီနဲ့ပုဆိုး လာလဲတော့ "ခေါ်နေတာကို မကြားချင်ယောင်ဆောင်ပြီး အိပ်နေတဲ့ကိုကို့ သွားဆွဲထူရသည်။ အဲ့လို ကလေးကြီးလို မသွားချင်ဘူး လုပ်နေတော့ မိုးစက် ချော့ပြောရတော့မည်။
"ယောကျာ်းထ
ဆရာနေက အလုပ်နောက်ကျရင် ကောင်းမလား ""ပြွတ်စ်စ် ...သွားမယ်ဗျာ
ယောကျာ်းကို ဆွဲထူပေး "ကိုကို့ အကြောင်းသိပြီးသားမို့ သူ့စိတ်ကြိုက် ယောကျာ်းဆိုတဲ့စကားကို သုံးရတော့သည်။ ယောကျာ်းလို့သာ မိုးစက်က ခေါ်လိုက်ကိုကိုဆိုတဲ့ သံမဏိလူသားက ဖယောင်းရုပ်တန်းဖြစ်သွားတာ အံသြစရာ ကြီးပါ။
"ကလေးက တစ်ယောက်ထဲ ဖြစ်ရဲ့လား "
အမြဲတမ်းသူသွားရင် တစ်ယောက်ထဲနေခဲ့ရတာကိုအခုမှ သူက လာပြီး ဖြစ်ရဲ့လား ပြောနေပြန်ပြီ။ မဖြစ်ဘူးလို့ ပြောလို့ကတော့ ဒီနေ့ အခန်းထဲက ထွက်မှာ မဟုတ်တော့ပါ ။ ပိတ်ရက်ဆိုရင် ကိုကို့နေ့ပါ တပတ်မှာ စနေနေ့ တရက်သာ ကိုကိုက မိုးစက်ကို ယူတတ်တာကြောင့် စနေနေ့ညဆိုရင် ကိုကို့အတွက်ကသိန်း ၁၀၀၀ ရမယ်ဆိုရင်တောင် ဘယ်မှ သွားမှာ မဟုတ် ။ အခုတောင် နေ့လယ်ဆေးရုံပွဲသွားရမှာမို့ သူ့ သွားတာဖြစ်သည်။
"ဖြစ်တယ်လေ ကိုကိုကလဲ
ခဏနေ ဖြိုးလာမယ်တဲ့ မင်္ဂလာပွဲ အစီအစဥ်လာမေးမလိုတဲ့ "
YOU ARE READING
A Chit Lay (ACL) [Completed]
Romanceမင်းနဲ့ငါနဲ့ ဘာလိုမှမဆုံနိုင်တဲ့ မျဥ်းပြိုင်နှစ်ကြောင်း မဖြစ်နိုင်မှန်းသိရက်နဲ့ရှေ့ဆက်မတိုးချင်နဲ့ ကလေးက ကလေးလိုနေစမ်းပါ နေအသင်္ချေ ကျနော့ရဲ့ ပန်းတိုင်ဟာ ဆရာပဲမို့ ကျနော် ရောက်အောင်လာခဲ့မယ် ကျနော်နဲ့ ဝေးရာကို ဘယ်လောက်သွားသွား ကျ...